DVB Logo
Home
မြန်မာသတင်း
မသမာမှုနည်းသွားမှုကြောင့် အောင်ချက်နည်းခြင်းဖြစ်ဟု ရခိုင်ပညာရေးမှူးပြော
DVB
·
June 17, 2017
မသမာမှုနည်းသွားမှုကြောင့် အောင်ချက်နည်းခြင်းဖြစ်ဟု ရခိုင်ပညာရေးမှူးပြော
Donate to DVB

တိုင်းနဲ့ ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် အောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တာဟာ စာမေးပွဲတွေမှာ မသမာနည်းနဲ့ ဖြေဆိုတာ လျော့နည်းသွားတာကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။

၂၀၁၆ - ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရဲ့ တက္ကသိုလ်ဝင်းတန်း အောင်မြင်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ထက်ကျဆင်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်တို့မှာ ရခိုင်ပြည်နယ်ဟာ ဒီနှစ်မှာ အောက်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

အခုနှစ် ရခိုင်ပြည်နယ်တက္ကသိုလ်ဝင်းတန်းစာမေးပွဲဖြေဆိုသူမှာ ၃၈၄၄၀ ရှိပြီး အောင်မြင်သူ ၆၅၉၈ ဦး ရှိပါတယ်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက “ဒီနှစ်အောင်ချက်က ၁၇.၁၆ ရာခိုင်နှုန်းပါ။ ဒီနှစ်အောင်မြင်သူတွေကတော့ ၆၅၉၈ ဦး အောင်ပါတယ်။ အဲ့ဒီမှာ ဂွမြို့နယ်အောင်ချက်ကတော့ အကောင်းဆုံးပေါ့။ ပြီးခဲ့တဲ့နှစ်နဲ့စာရင် အောင်းချက်ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ရခိုင်ပြည်တပြည်နယ်လုံး ၂၁ ရာခိုင်နှုန်းကျော်တာပေါ့လေ။ ချင်းပြည်နယ်အောင်ချက်ထက် ကောင်းတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ဆိုရင် အောင်ချက်အများဆုံး ပထမဆွဲခဲ့တယ်။ ဒီနှစ်မှာတော့ အောက်ဆုံးရောက် သွားတာပေါ့။ ရခိုင်ပြည်နယ်ကတော့ ပြည်နယ်နဲ့ တိုင်းထဲမှာဆိုရင် အောင်ချက်အနိမ့်ဆုံးဖြစ်လာတယ်။”

အခုနှစ်အောင်ချက်တွေနည်းသွားတာဟာ ပြီးခဲ့တဲ့ နှစ်ကထက် မသမာမှုနည်းနဲ့ စာခိုးချတာတွေ မလုပ်အောင် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ဒီဗွီဘီကိုဆက်လက်ပြောပါတယ်။

“မနှစ်က ရခိုင်တပြည်လုံးမှာ ပထမရခဲ့တဲ့ နှစ်မြို့ဟာ ဒီနှစ်မှာ အောက်ဆုံးဆင့်ရောက်သွားတယ်။ ပြီးခဲ့တဲ့နှစ် ပထမ ရခဲ့တဲ့မြို့ ဒီနှစ်မှာ အလွန့်အလွန်ဆုံးဖြစ်ရင် ဒုတိယ၊ တတိယပေါ့။ အဲ့ဒီတော့ ဒါကတည်ငြိမ်မှုမရှိဘူး။ အဲ့ဒါ တစ်စုံတခုခု မှားယွင်းနေတာပေါ့၊ အဲ့လိုပဲသုံးသပ်တယ်။ အဓိကအကြောင်းအရင်းကတော့ ပြီးခဲ့တဲ့နှစ်တွေက မသမ တဲ့နည်းနဲ့ လုပ်ကြတယ်။ ဒီနှစ်က ကျနော်တို့ တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့တယ်။ ဒီနှစ်အောင်ချက် နည်း ပေမယ့် အောင်တဲ့သူတွေက တကယ့် အရည်အချင်းရှိတဲ့သူတွေဖြစ်တယ်။ ဆိုလိုတာက မြန်မာစာ တဘာသာလောက်ကို စမ်းကြည့်ကြတယ်။ ရှောရှောရှူရှူဖြေလို့ရရင်ဆက်ဖြေတယ်။ ကြီးကြပ်ရေးမှူးက တင်းတင်းကြပ်ကြပ်လုပ်ရင် နောက်နေ့ ဖြေဖို့မလာတော့ဘူး။ ဒီလိုပုံစံကအများကြီး။”

နောက်နှစ်တွေမှာလည်း မသမာမှုနည်းတွေနဲ့ စာမေးပွဲဖြေဆိုတာ လျှော့ကျအောင် မိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသားတွေအနေနနဲ့ ဒီနှစ်ထက် ပိုမိုကြိုးစားဖို့ လိုအပ်တယ်လို့ ပညာရေးမှူးက ဆိုပါတယ်။

၂၀၁၅- ၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ်ရဲ့အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၁၉ ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၇ ဒသမ ၁၆ ရာခိုင်းနှုန်းကို ကျဆင်းသွားတာဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ရှိပြီး အောင်မြင်သူ ၂၄၂၇၃၆ ဦး၊ အောင်ချက်ရာခိုင်နှုန်းက ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။

မွန်ပြည်နယ်က ၄၁ ဒသမ ၁၂ နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးကတော့ ၄၀ ဒသမ ၂၂ နဲ့ ဒုတိယ အောင်ချက်အကောင်းဆုံး ဖြစ်ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013