DVB Logo
Home
မြန်မာသတင်း
မိုး​လေဝသနှင့်​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ ဖွင့်​မည်
DVB
·
February 16, 2012
မိုး​လေဝသနှင့်​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ ဖွင့်​မည်
Donate to DVB

ထွန်း​လွင်​ဖောင်​ဒေး​ရှင်း​နဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တခုဖြစ်တဲ့​ Ecodep တို့​ ပူး​ပေါင်း​ပြီး​ ဧရာဝတီတိုင်း​မှာ မိုး​လေဝသနဲ့​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ တခု မတ်လမှာ စတင် ​ဆောင်ရွက်သွား​မယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

[caption id="attachment_16687" align="alignright" width="300" caption="ဦးထွန်းလွင်"][/caption]

ဧရာဝတီတိုင်း​က အင်တာနက် အသုံး​ပြုလို့​ရတဲ့​ မြို့​တွေမှာ မိုး​လေဝသနဲ့​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ ဖွင့်​လှစ်မှာလို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

“ကျ​နော်က​တော့​ ဒီ သတင်း​အချက်အလက် ထုတ်ပြန်တဲ့​ အလုပ်ကို Ecodepနဲ့​ ​ဖောင်​ဒေး​ရှင်း​က ​ပေး​မှာ​ပေါ့​လေ။ အဲဒီသတင်း​က​တော့​ ကျ​နော်တို့​က အင်တာနက်မှာပဲ အဓိက ထား​မှာ​ပေါ့​။ အဲဒီ​တော့​ နယ်​မြေမှာ အင်တာနက်သုံး​လို့​ရတဲ့​ မြို့​ကြီး​တွေ ရှိ​နေပြီ​ပေါ့​။ ဥပမာ - ဘိုက​လေး​တို့​၊​ ဖျာပုံတို့​ ဒီလို​နေရာမျိုး​တွေမှာ ကျ​နော်တို့​ နယ်​မြေ အထူး​ကုမ္ပဏီ​တွေလည်း​ ရှိ​နေတယ်။ ​နောက်ပြီး​တော့​ ကျ​နော်ဆီကိုလည်း​ ​ရေလုပ်သား​အဖွဲ့​အစည်း​တွေက လာတယ်။ အဲဒီ​တော့​ သူတို့​က အဲဒီမှာ သတင်း​အချက်အလက် စင်တာဆိုပြီး​တော့​ ဖွဲ့​ရမှာ​ပေါ့​နော်။ အဲဒီအဖွဲ့​မှာ အင်တာနက် ဝန်​ဆောင်မှု​တွေလိုမယ်။ ​နောက်ပြီး​တော့​ အင်တာနက်သုံး​တတ်တဲ့​ က​လေး​တွေ လိုမယ်။ ​နောက်ပြီး​တော့​ ဒီက​နေ ရလာတဲ့​ သတင်း​အချက်အလက်ကို အဲဒီ လယ်သမား​နဲ့​ ​ရေလုပ်သား​တွေဆီကို သူတို့​အဖွဲ့​တွေ အလိုက်​ပေါ့​နော်။ ​ရေလုပ်သား​ဆိုလည်း​ ​ရေလုပ်သား​အဖွဲ့​ပေါ့​။ ​နောက် လယ်သမား​ဆိုရင်လည်း​ ဆန်စပါး​အသင်း​လို အဖွဲ့​မျိုး​က​နေပြီး​တော့​ ထပ်ဆင့်​ ဖြန့်​ဝေပြီး​တော့​ ထုတ်​ပေး​တဲ့​။ တနည်း​ပြောရရင်​တော့​ ​အောက်​ခြေလူတန်း​စား​အထိ သတင်း​ကို ခိုင်ခိုင်မာမာနဲ့​ မြန်မြန်ဆန်ဆန်​ရောက်ဖို့​ လုပ်တဲ့​သ​ဘောပါပဲ။ သူတို့​ နား​လည်သိနိုင်တဲ့​ ဘာသာစကား​ကိုလည်း​ သုံး​မယ်။ အကြံ​ပေး​တွေလည်း​ ထည့်​ပေး​မယ်​ပေါ့​။”

ဒီစခန်း​မှာ အင်တာနက် တပ်ဆင်ထား​ပြီး​ နိုင်ငံတကာ မိုး​လေဝသများ​၊​ သဘာဝ ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်ချက်များ​နဲ့​ ပြည်တွင်း​ရှိ မိုး​လေဝသ သတင်း​တွေကို တိုက်ရိုက်ထုတ်ပြန် သတင်း​ပေး​ပို့​ သွား​မယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

အထူး​သဖြင့်​ ​ကျေး​လက်​နေပြည်သူ၊​ လယ်သမား​များ​နဲ့​ ​ရေလုပ်သား​တွေ အတွက် သတင်း​မှန်နဲ့​ အမြန်ဆုံး​ ​ရောက်ရှိဖို့​ ရည်ရွယ်ပြုလုပ်တာလို့​ ​ပြောပါတယ်။ ဒီသတင်း​ထုတ်ပြန်မှုကို ​ရေဒီယို အသံလှိုင်း​နဲ့​ ထုတ်လွှင့်​မှာ မဟုတ်ဘဲ လက်ကမ်း​စာ​စောင်က​နေ ဖြန့်​ဝေမယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013