
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ မာန်ဟဲကျေးရွာစုမှာ ဇွန် ၁၆ ရက် မနက်ပိုင်းက မာန်ဟဲကျေးရွာအုပ်စု လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီအသင်းအဖွဲ့အစည်းက အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေကို လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လတွေအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ လူမှုရေးပင်စင်များကို ၃ လတစ်ခါထုတ်ပေးမှာ ဖြစ်ကြောင်း၊ ယခုအကြိမ်စာရင်းမပါသူများ ကျန်ရှိနိုင်သေးကြောင်း၊ ဒါကြောင့်အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေကို လူမှုရေးပင်စင် ရရှိခံစားနိုင်စေဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ အချိန်မီစာရင်းပေးပို့နိုဖို့ လိုအပ်ကြောင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲကျေးရွာအုပ်စု ကျေးရွာ ၄ ရွာတွင် အဘိုးအဘွား ၄ ဦး ရှိတယ်လို့ သိရပါတယ်။
မာန်ဟဲကျေးရွာအုပ်စု ပေကုန်းကျေးရွာမှာ ဒေါ်လီးချွင်းချင့် (၉၈) နှစ်၊ မလူးကျေးရွာက ဒေါ်အေးပို ၉၂ နှစ်၊ ဒေါ်အေးကြည် ၉၁ နှစ်တို့ဟာ အခုလက်ရှိ သက်ရှိထင်ရှားရှိပြီး ဦးအောင်ဘ ၉၂ နှစ် သေဆုံး ကိုယ်စားထုတ်ယူသူတို့အတွက် တစ်လငွေကျပ် ၁၀၀၀၀ နှုန်းနဲ့ ၃ လစာကို အင်းတော်မြို့နယ် မာန်ဟဲကျေးရွာအုပ်စု လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီအသင်းအဖွဲ့မှ အသက် ၉၀ နှစ်နဲ့အထက် ဘိုးဘွားတွေရဲ့ နေအိမ်အရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးပို့ခဲ့တယ်လို့ သိရပါတယ်။
khin swe
maw luu











