DVB Logo
Home
မြန်မာသတင်း
ရာဇဂြိုဟ်တွင် နွားခိုးရောင်းချသူအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
DVB
·
June 17, 2017
ရာဇဂြိုဟ်တွင် နွားခိုးရောင်းချသူအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
Donate to DVB

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာမှာ ဇွန်လ ၁၅ ရက်နေ့က နွားခိုးယူသူအား မူးယစ်ဆေး ဘိမ်းမည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့နယ် စခန်းကြီးရွာ ရဲတပ်ဖွဲ့ကင်းစခန်းက သိရပါတယ်။

“ကျနော်တို့ နွားပျောက်သူ တိုင်တန်းချက်အရ သွားရောက်စစ်ဆေး ဖမ်းဆီးရာမှာ အဲဒီ နွားခိုးသူဆီက နွားခိုးသက်သေနဲ့အတူ ဘိန်းမဲတွေကိုပါ တပါတည်း ဖမ်းဆီးရမိခဲ့တယ်”လို့ စခန်းကြီးရဲတပ်ဖွဲ့ ရဲကင်းမှူးက ဆိုပါတယ်။

နွားခိုးသူကို ဖမ်းဆီးရာမှာ ကလေးမြို့ စခန်းကြီး ရဲတပ်ဖွဲ့နဲ့အတူ ချင်းပြည်နယ် တွန်းဇံနယ် ရဲတပ်ဖွဲ့ ၂ ဖွဲ့ပေါင်း ဖမ်းဆီးခဲ့တာ ဖြစ်ပြီး နွားပျောက်သူ ရာဇဂြိုဟ်ရွာသား ဦးခင်မောင်ဝင်း ကိုယ်တိုင် နွားခိုးသူကို စုံးစမ်းဖော်ထုတ် တိုင်တန်းခဲ့တာလည်း ဖြစ်ပါတယ်။

နွားပျောက်ဆုံးသူ ဦးခင်မောင်ဝင်းဟာ သူ့နွား ၁၄ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပြီး ၁၅ ရက်နေ့မှာ ချင်းပြည်နယ် တွန်းဇံနယ်ထဲက ဆဲဘောက်အုပ်စု သစ်စိမ့်ပင်ကျေးရွာ နေအိမ်တအိမ်မှာ နွားတစ်ကောင် သတ်နေကြောင်း သိရပြီး အပေါင်းအသင်းဖြစ်သူမှ နွားခေါင်း သွားဝယ်ရာမှ ဦးခင်မောင်ဝင်းပျောက်ဆုံးသော နွားဖြစ်နေခြင်းကြောင့် ရဲတပ်ဖွဲ့ကို တိုင်းတန်းခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ နွားပျောက်ဆုံးသူ ဦးခင်မောင်ဝင်း တိုင်တန်းချက်အရ ရဲတပ်ဖွဲ့ဟာ ချင်းပြည်နယ်ထဲက နွားသတ်နေတဲ့အိမ်ကို သွားရောက်ရှာဖွေခဲ့ရာ ပျောက်ဆုံးနွားဖြစ်ကြောင်း သိရပြီး ဆက်လက် စုံစမ်းရာမှ နွားရောင်းသူဟာ ရာဇဂြိုဟ်တရွာတည်းနေ မြင့်ကျော်(ခ) ကုလားလေး ဖြစ်နေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နွားခိုးသူကို စုံစမ်းခဲ့ရာကနေ နွားခိုးခဲ့သူ မြင့်ကျော် (ခ) ကုလားလေးကို ချက်ခြင်း နေအိမ်ကို သွားရောက် ရှာဖွေ ဖမ်းဆီးရာ မြင့်ကျော်(ခ) ကုလားလေးထံမှ ဘိန်းမဲ မူးယစ်ဆေးကို ထပ်မံ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နွားခိုးရောင်းချသူ မြင့်ကျော် (ခ) ကုလားလေးကို ကလေးမြို့နယ် စခန်းကြီး ရဲကင်းမှူး ကိုယ်တိုင် တရားလိုပြုလုပ် ခိုးမှုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူနိုင်ဖို့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရာဇဂြိုဟ်တွင် နွားခိုးရောင်းချသူအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ