DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲအောင်ချက် ဧရာဝတီတိုင်းအတွင်း ဒုတိယရရှိ
DVB
·
June 17, 2017
အင်္ဂပူမြို့နယ် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲအောင်ချက် ဧရာဝတီတိုင်းအတွင်း ဒုတိယရရှိ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အတွင်းက အင်္ဂပူမြို့နယ်ဟာ ကျောင်းသားကျောင်းသူဦးရေ ၃၀၅၉ ဦးရေ ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၁၆၁ ဦး အောင်မြင်ခဲ့ပါတယ်။

ရာခိုင်နှုန်းအားဖြင့် ၃၇ ဒသမ ၈၅ နဲ့ တမြို့နယ်အတိုင်းအတာနဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ ဒုတိယ အောင်ချက်အမြင့်ဆုံးဖြစ်တာပါ။

ဂုဏ်ထူးက ၄၇၇  ယောက်ထွက်ရှိခဲ့ပြီ ဘာသာစုံ ၃ ဦး၊ ၅ ဘာသာ ၆ ဦး၊ ၄ ဘာသာ ၁၅ ဦး၊ ၃ ဘာသာ ၆၂ ဦး၊ ၂ ဘာသာ ၁၁၆ ဦး၊ ၁ ဘာသာ ၂၇၅ ဦး အသီးသီး အောင်မြင်ခဲ့ကြပါတယ်လို့ အင်္ဂပူပညာရေးမှူးရုံးရဲ့ စာရင်းဇယားတွေအရ သိရှိရပါတယ်။

"ခုဒုတိယရတယ်ပေါ့။ ကြံခင်းကတော့ ပထမပါပဲ။ ငါတို့ဆီကလည်း လူသုံးထောင်ကျော်ဖြေတာ တထောင်ကျော်အောင်တာ ဖြေသာပါတယ်။ နောက်နှစ်တွေ ဒါထက်မက ကြိုးစားမူရလဒ်တွေရမယ်လို့ မျှော်လင့်နေပါတယ်” လို့ အင်္ဂပူမြို့နယ် ပညာရေးမှူး ဦးအောင်မြင့်သူ က ဒီဗွီဘီကို ပြောပါတယ်။

ကျောင်းသားမိဘတဦးကတော့ "တက္ကသိုလ်ဝင်ခွင့်ဟာ ကလေးတွေရဲ့ ဘဝတစ်ဆစ်ချိုးပါ ပဲ။ ရမှတ်ကောင်းရင်တော့ သူတို့အနာဂတ်တွေအတွက် ပုံဖော်ဖန်တီးခွင့်ပိုသာတာပေါ့။ ဒါပေမယ့် ကျရှုံးတဲ့ ကလေးတွေအတွက်လည်း ပြင်ဆင်ပြီး အကောင်းဆုံး ပြန်ကြိုးစားစေချင်တယ်” လို့ ပြောပါတယ်။

“ဒီနှစ်အင်္ဂပူမှာ ခါတိုင်းနှစ်တွေလို မနက်အစောကြီးကတည်းက အစောကြီး ထပြီးကြည့်တာတွေ အမြန်ချိတ်ပေးဖို့ပြောတာတွေ ဒီနှစ်လုံးဝမရှိဘူး၊ ဆူဆူပူ မရှိဘဲ အားလုံးအေးဆေးပါပဲ" လို့ အင်္ဂပူ မြို့နယ် ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

သတင်း - သန်းထိုက်မြင့်

ဓာတ်ပုံ - ဗိုလ်မန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013