DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် စွန့်ပစ်ခံထားရသည့် ၇ ရက်သားအရွယ် ကလေးငယ်တဦးတွေ့ရှိ
DVB
·
June 17, 2017
တာချီလိတ်တွင် စွန့်ပစ်ခံထားရသည့် ၇ ရက်သားအရွယ် ကလေးငယ်တဦးတွေ့ရှိ
Donate to DVB

တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုထဲက မိုင်းဆတ်သွားလမ်းပေါ်မှာ ၇ ရက်သား ကလေးငယ်တဦး စွန့်ပစ်ခံထားရတဲ့အတွက် ပြည်သူ့ဆေးရုံကို ပေးပို့ပြီး ပြုစုစောင့်ရှောက်ထားတယ်လို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။

စွန့်ပစ်ခံထားရတဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး ၇ ရက်သားအရွယ်ဖြစ်ကာ ဒီမနက်လာရောက်စွန့်ပစ်သွားတာဖြစ်ပြီး မြို့တွင်းကိုလာတဲ့ ခရီးသွားပြည်သူတစ်ယောက်က အကြောင်းကြားလို့ သွားရောက်ကယ်တင်ထားတာလို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။

“ကလေးငယ်က တိုင်းရင်းသားမိဘက မွေးဖွားပြီး မမွေးချင်တော့လို့ စွန့်ပစ်သွားတာဖြစ်နိုင်တယ်။ ကလေးကတော့ အသက်ရှင်သေးတယ်။ အခုက မြို့ပြင် မိုင်းဆတ်မြို့သွားလမ်းဖြစ်တဲ့ စန်းလုကျေးရွာလမ်းခွဲနားမှာတွေ့တာ ဆေးရုံကိုပို့ပြီး ဆေးကုသမှု ပေးထားတယ်။ မိဘတွေကိုတော့ စုံစမ်းနေပါတယ်"လို့ တာချီလိတ်မြို့က နယ်ထိန်း တပ်ကြပ်ကြီး အောင်စိုးမိုးက ပြောပါတယ်။

အခုလို ရက်သားအရွယ် ကလေးငယ်စွန့်ပစ်မှုဟာ တာချီလိတ်မြို့မှာ ပထမဆုံးဖြစ်ပြီး အရင်က မရှိခဲ့ဘူးလို့ တာချီလိတ်မြို့မရဲစခန်းရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ကလေးငယ်ကို စွန့်ပစ်သွားမှုနဲ့ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက ပြစ်မှုအမှတ် (ပ)၁၂၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၁၇ နဲ့ အမှုဖွင့်လှစ်ထားရှိပြီး စွန့်ပစ်သွားသူတွေကို စုံစမ်းစစ်ဆေးမှုနေတယ်လို့ သိရပါတယ်။

(ကိုဇက်၊ တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013