DVB Logo
Home
မြန်မာသတင်း
အမေရိကန်ရေတပ်သင်္ဘောကြီးနှင့် ဖိလစ်ပိုင် ကုန်တင်သင်္ဘော တိုက်မိ (ရုပ်သံ)
DVB
·
June 17, 2017
အမေရိကန်ရေတပ်သင်္ဘောကြီးနှင့် ဖိလစ်ပိုင် ကုန်တင်သင်္ဘော တိုက်မိ (ရုပ်သံ)
Donate to DVB

အမေရိကန် ရေတပ်ဖျက်သင်္ဘောတစီးနဲ့ ဖိလစ်ပိုင်အလံလွှင့်ထားတဲ့ ကုန်သင်္ဘောတစီးတို့ ဂျပန်နိုင်ငံ တိုကျို ပင်လယ်အော်တောင်ဘက်မှာ ဒီနေ့မနက် အစောပိုင်းက တိုက်မိခဲ့တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

ဒီမတော်တဆမှုကြောင့် သင်္ဘောသား ၇ ဦး ပျောက်ဆုံးနေပြီး ၃ ဦး ဒဏ်ရာရပါတယ်။ အမေရိကန်သင်္ဘောက ရေလွှမ်းခံခဲ့ရပေမယ့် နစ်တော့ နစ်မသွားဘူးလို့ ဂျပန် ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ကုန်သင်္ဘောကလည်း ဆက်လက်ခုတ်မောင်းသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယိုခိုစုခမြို့ အနောက်တောင်ဘက် ရေမိုင် ၅၆ မိုင်အကွာ သင်္ဘောတွေ စည်ကားတဲ့ ရေလမ်းကြောင်းမှာ ရှားရှားပါးပါး တိုက်မိခဲ့တာပါ။

ဖျက်သင်္ဘောပေါ်က ဒဏ်ရာရခဲ့တဲ့ သင်္ဘော အရာရှိ ဘရိုက်စ် ဘန်ဆန်အပါဝင် ၃ ဦးကို အမေရိကန်ရေတပ် ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ သယ်ထုတ် ကုသပေးနေတယ်လို့ ရေတပ်က ပြောပါတယ်။

ဘယ်လိုတိုက်မိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကုန်သင်္ဘောမှာ ကုတ်ခြစ်ရာ ထင်ခဲ့ပြီး အသေးစား ထိခိုက်မှု ရှိခဲ့ပေမယ့် သင်္ဘောသားတွေ ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013