DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို စာပေဟောပြောပွဲ မုံရွာတွင် ပြုလုပ်
DVB
·
June 17, 2017
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို စာပေဟောပြောပွဲ မုံရွာတွင် ပြုလုပ်
1 / 10
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ မှာ ကျရောက်မယ့် မွေးနေ့အကြို စာပေဟောပြောပွဲကို စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၇၂ နှစ်ပြည့် မွေးနေ့အကြို စာပေဟောပြောပွဲနဲ့ မုံရွာမြို့နယ် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့သူတွေအား ကျေးဇူးတင် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့တာပါ။

မုံရွာမြို့၊ ညောင်တပင်လမ်းရှိ စိန်နန်းတော် ဟိုတယ်ခန်းမမှာ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းကပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းအတွင်းက အန်အယ်လ်ဒီ ပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်သားဟောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားမြတ်နိုးသူတွေ စုပေါင်းပါဝင်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီဝင်တွေအပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းက ပါတီဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ တက်ရောက်လာတဲ့သူတွေကို ဂုဏ်ပြုလက်မှတ်ပေးအပ်တာ၊ မွေးနေ့ကိတ်လှီးတာ၊ စာရေးဆရာမ မဝင့်(မြစ်ငယ်)ရဲ့ ဟောပြောပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013