DVB Logo
Home
နိုင်ငံတကာ
သဘောတူညီမှု မြန်မြန်လုပ်ရန် အီရန်ကို တိုက်ခိုက်မှုများ ဖျက်ထားကြောင်း ထရမ့်ပ် ပြော 
DVB
·
August 2, 2026
Photo: REUTERS/Daniel Heuer
Photo: REUTERS/Daniel Heuer
Donate to DVB

အီရန်ကို တိုက်ခိုက်တာတွေ ဖျက်သိမ်းထားတယ်လို့ အမေရိကန် သမ္မတ‌ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၁ ရက်နေ့က ပြောပါတယ်။ 

အီရန်နဲ့ တခြားဒေသတွင်း အစိုးရတွေက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ မေတ္တာရပ်ခံခဲ့ပြီး သဘောတူညီချက် ၁ ခုအတွက် သတ်မှတ်ချက်တွေ သဘောတူပြီးပြီလို့လည်း ဆိုပါတယ်။ 

Truth Social မီဒီယာမှာ ဖော်ပြချက်အရ ထရမ့်ပ်ဟာ အီရန်ကို အပြင်းအထန်တိုက်ခိုက်ဖို့ သတိပေးထားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း မမြင်ရတော့တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလုပ်ဖို့ အသင့်ပြင်ထားတယ်လို့ ဖော်ပြထားကာ သဘောတူညီချက်မြန်မြန်လုပ်တဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးကို ရပ်ထားတာလို့လည်း ဆိုပါတယ်။ 

အီရန်ဟာ နျူကလီးယားလုပ်ငန်းတွေကို ရပ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြား အပြည့်အဝပြန်ဖွင့်ဖို့ အပါအဝင် အီရန်က သဘောတူညီချက် အမြန်ဆုံး လုပ်ဖို့လိုတယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို အစ္စရေးနဲ့အတူ ချမှတ်ခဲ့တာလို့ ထရမ့်ပ်က ပြောပါတယ်။ 

ဒီအပတ်အကုန်မှာ အမေရိကန်က အီရန်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ အမေရိကန်အခြေစိုက်မီဒီယာတွေက ဖော်ပြနေချိန်အတွင်း အခုလို အပစ်ရပ်ဆိုင်းတဲ့ သတင်းထွက်လာတာပါ။ 

လက်ရှိအချိန်မှာ ထရမ့်ပ်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အီရန်ရဲ့ မှတ်ချက်ပေးတာမျိုး မရှိသေးဘူးလို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။ 

အမေရိကန်အစိုးရကတော့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်တွေကို စစ်ပွဲအရှိန် မြင့်တက်လာမှာဖြစ်လို့ အဲဒီဒေသတွေကနေ ထွက်ခွာကြဖို့ သတိပေးထားတာမျိုးလည်း တွေ့ရပါတယ်။ 

အမေရိကန်နဲ့ အီရန်တို့ဟာ ဧပြီလက အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပြီး ဇွန်လမှာ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီး တိုက်ခိုက်မှုတွေ ပြန်လုပ်လာခဲ့တာပါ။ 

အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ပွဲစဖြစ်ကတည်းက ရေနံဈေးနှုန်း အတက်အကျဖြစ်လာတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013