DVB Logo
Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း၂ပါးကို တရားခံပြေးအဖြစ် အမိန့်ချ
DVB
·
June 16, 2017
မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင်ပါဝင်သည့် ရဟန်း၂ပါးကို တရားခံပြေးအဖြစ် အမိန့်ချ
Donate to DVB

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့ ဦးသုစိတ္တနဲ့ ဦးပညာဝံသ ရဟန်း ၂ ပါးကို မင်္ဂလာတောင်ညွန့် မြို့နယ်တရားသူကြီးက ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံပြေးအဖြစ် ဇွန်၁၆ ရက်ရုံးချိန်းမှာ ကြားဖြတ်အမိန့် ချမှတ်လိုက်ပါတယ်။

မင်္ဂတောင်ညွှန့်ပဋိပက္ခဖြစ်စဉ်မှာ အဓိကပါဝင်သူတွေလို့ စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ ရဟန်း ၂ ပါးတို့ကို မေလ ၁၁ ရက်နေ့မှာ မင်္ဂလာတောင်ညွန့် တရားရုံးက ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ပေမယ့် ရဟန်း ၂ ပါးကို အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

လာမယ့်ဇွန်၂၇ရက်နေ့ရုံးချိန်းမှာတော့ တရားလိုအဖြစ်တိုင်ကြားခဲ့တဲ့ ရဲမှူးခင်မောင်ဦးကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ခိုးဝင်ဘင်္ဂါလီတွေ ရှိတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ရပ်ကွက်နေသူတချို့နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013