DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးကမ်ပိန်း လားရှိုးတွင်ပြုလုပ်
DVB
·
June 16, 2017
ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးကမ်ပိန်း လားရှိုးတွင်ပြုလုပ်
1 / 5
Donate to DVB

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးနှင့် သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက်  ရှမ်းပြည်နယ်မြောက်ပိုင်းက သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက   လက်ပတ်ဖြူလှုပ်ရှားမှုကို မြို့တော်ခန်းမရှေ့မှာ ဒီမနက် ပြုလုပ်ကြပါတယ်။

သတင်းသမား ကိုထွန်းက “လက်ရှိမြန်မာနိုင်ငံမှာ မီဒီယာဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ သတင်းလွပ်လပ်ခွင့်မရခဲ့ဘူး။ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ သတင်းယူတဲ့နေရာမှာ လွတ်လပ်ခွင့်အပြည့်အဝမရဘူး။ အဲကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းသမား လွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှုကို လုပ်တာပါ” လို့ပြောပါတယ်။

သတင်းသမားတွေ သတင်းကို လွတ်လွတ်လပ်လပ်ရေးခွင့်မရရင် အမှောင်ကမ္ဘာကို ပြန်ရောက်သလိုဖြစ်နေကြောင်းနဲ့ သတင်းသမားတွေကို ဒီပုဒ်မနဲ့  တရားစွဲဆိုတာ မဖြစ်သင့်ဘူးလို့  ကဗျာဆရာ ကိုရိုးခက်က ပြောပါတယ်။

သူက “သတင်းသမားတွေကို ဖိနှိပ်မှုတော့ လုံးဝမလုပ်သင့်ဘူးဗျ။ သတင်းသမားတွေက သူတို့ သတင်းလွှတ်လပ်ခွင့် ရှိရမယ်။ ၆၆ ဃနဲ့ တရားစွဲဆိုတာမျိုး မဖြစ်သင့်ဘူးလို့မြင်တယ်။ အဲဒါကြောင့်လည်း ကျနော်လည်း လာရောက်ပူးပေါင်းတာပါ” လို့ပြောပါတယ်။

ဒီလက်ပတ်ဖြူလှုပ်ရှားမှုကို တရားဝင် ခွင့်ပြုချက်ယူပြီး လူဦးရေ ၃၀ လောက် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ပါဝင်ပြုလုပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းဝင်အမျိုးသားတဦးက ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ ပြောဆိုပါတယ်။

သူက “တင်းကျပ်လွန်းတဲ့ ဥပဒေကို နည်းဥပဒေနဲ့ ပြန်လည်ဖြေလျှော့တဲ့ ကိစ္စတွေ။ မီဒီယာလွပ်လပ်ခွင့်အတွက် ခုလို မီဒီယာတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ ပြန်လည်ရေးဆွဲသင့်ရင် ဆွဲရမယ်။ ရှိပြီးသား ဥပဒေတွေကိုလည်း ပြန်သင့်တာတွေ ပြင်ရမယ်လို့ပြောချင်တယ်” လို့ ပြောပါတယ်။

အစိုးရထုတ်ပြန်လိုက်တဲ့ ဥပဒေနဲ့ နည်းဥပဒေတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ   သက်ရောက်မှုမရှိကြောင်း၊ ဥပဒေတခုကို အစိုးရ၊ ပြည်သူ၊ လက်နက်ကိုင်တွေက လေးစားသင့်ကြောင်း၊ လက်ရှိကာလမှာ ထိန်းချုပ်နယ်မြေတွေထဲ သတင်းရယူရာမှာ   အခက်အခဲများစွာရှိကြောင်း သတင်သမား ခွန်ဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ မီဒီယာသမားတွေလည်း တခုမှားတယ်ဆိုရင်လည်း ကျနော်တို့ မီဒီယာဥပဒေရှိပါတယ်။ အဲဥပဒေအတိုင်းပဲ ဆောင်ရွက်သင့်တယ်။ မှားတယ်ဆိုရင် စာနယ်ဇင်းကောင်စီကတစ်ဆင့် ညှိနှိုင်းမယ်။ အဲတာမှ မပြေလည်ဘူးဆိုမှ တရားစွဲတာတွေ လုပ်သင့်တယ်။ ၆၆ ဃ တိုက်ရိုက်စွဲတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါမီဒီယာသမားတွေအပေါ်မှာ မလုပ်သင့်တဲ့ အလုပ်တခုလို့ထင်တယ်။”

ဆက်သွယ်ရေး ဥပဒေပုဒ်မတခုဖြစ်တဲ့ ၆၆ ဃကို ၂၀၁၃ အောက်တိုဘာ ၈ ရက်နေ့ စတင်ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း လက်ရှိ ဇွန် ၅ ရက်နေ့အထိ ဒီပုဒ်မနဲ့ တရားစွဲဆိုမှု ၆၈ မှု ရှိပြီဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ အချက်အလက်တွေအရ သိရပါတယ်။

နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013