DVB Logo
Home
မြန်မာသတင်း
ကော့သောင်းရှိ အသက် ၉၀ အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်
DVB
·
June 16, 2017
ကော့သောင်းရှိ အသက် ၉၀ အထက် ဘိုးဘွားများအား  လူမှုရေးပင်စင်ပေးအပ်
Donate to DVB

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာက အသက် ၉၀ နဲ့ အထက် သက်ကြီးဘိုးဘွားတွေကို အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ မနေ့က စတင်ပါတယ်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ကျင်းပတဲ့ထောက်ပံ့ငွေပေးအပ်ပွဲမှာ သက်ကြီးရွယ်အို ၅၃ ဦးအတွက် ထောက်ပံ့ငွေတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက  ဘိုးဘွားတွေရဲ့ကိုယ်စား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါ တယ်။

မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားဦးရေအလိုက် တစ်ဦးလျှင် တစ်လ ကျပ်တစ်သောင်းနှုန်းနဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီ၊ မေနဲ့ ဇွန်လ အတွက် ၃ လစာ သုံးသောင်းကျပ်စီ၊ စုစုပေါင်းထောက်ပံ့ငွေ ၁၅ သိန်း ၉ သောင်း ကို ထောက်ပံ့ပေးအပ်တာဖြစ်ပါတယ်။

မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားတွေအတွက် ထောက်ပံ့ငွေတွေကို ၀န်ကြီးဌာနမှ နှစ်စဉ်ထောက်ပံ့ပေးအပ်သွားဖို့ အစီအစဉ်ရှိကြောင်းလည်း ကော့သောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွယ်က ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်းလုံးရှိ အသက် ၉၀ နှစ်အထက် ဘိုးဘွားတွေကို ၂၀၁၇ ခုနှစ် ဧပြီလကစပြီး လူမှုရေးပင်စင် ပေးနိုင်ဖို့ စာရင်းကောက်ယူရာမှာ အသက် ၉၀ ကျော် အဘိုးအဘွား ၃၂၀၀၀ ဦးရှိကြောင်း ကနဦးကောက်ခံ ရရှိတဲ့စာရင်းတွေအရ သိရပါတယ်။

အသက် ၉၀ အထက် သက်ကြီးရွယ်အိုတွေအနေနဲ့ လူမှုရေးပင်စင်လျှောက်ထားခြင်း မရှိသေးသူတွေအနေနဲ့ မှတ်ပုံတင်၊ ဓာတ်ပုံ၊ အိမ်ထောင်စုစာရင်းတွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကတဆင့်လျှောက်ထားနိုင်သလို  မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိရင်လည်း သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားနိုင်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013