HomeLead Story
ဂြိုဟ်တုစလောင်းရုပ်သံများကို အရေးယူ၊ အခွန်ကောက်ရန်မရှိဟု ဆက်သွယ်ရေးဝန်ကြီးပြော (ရုပ်သံ)
ဂြိုဟ်တုစလောင်းရုပ်သံများကို အရေးယူ၊ အခွန်ကောက်ရန်မရှိဟု ဆက်သွယ်ရေးဝန်ကြီးပြော (ရုပ်သံ)
အောင်ဆန်းဦး
·
June 16, 2017

1 / 2
ဂြိုဟ်တုကနေ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေနဲ့ ဂြိုဟ်တုစလောင်းတွေကို အခွန်ကောက်ခံဖို့ မရှိသလို၊ အရေးယူဖို့လည်း မရှိဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
“ဂြိုဟ်တုဖမ်းစက်တွေဟာ ဂြိုဟ်တုကလွှင့်ခဲ့တဲ့ ဒီသတင်းတွေ ရုပ်မြင်သံကြားတွေကို ဖမ်းယူနိုင်တာသာဖြစ်ပါတယ်။ ထပ်ဆင့်ထုတ်လွှင့်နိုင်ခြင်းမရှိပါဘူး။ ထပ်ဆင့် ထုတ်လွှင့်နိုင်ခြင်း မရှိတဲ့ ဂြိုဟ်တုရုပ်မြင်သံကြားစက်တွေကို နောက်ဆုံးထုတ်ပြန်ထားတဲ့ ဆက်သွယ်ရေး ဥပဒေအရဆိုရင် ကျနော်တို့ဟာ လိုင်စင်ထုတ်ပေးစရာ၊ အခကြေးငွေ ကောက်ခံစရာ မလိုအပ်ဘူးဖြစ်ပါတယ်။ တရားမ၀င်တင်သွင်းလာတဲ့ ကိစ္စကတော့ ပြည်ပပို့ကုန်သွင်းကုန် ဥပဒေ၊ အကောက်ခွန် နည်းဥပဒေတို့အရ တင်သွင်းရမှာဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့အတိုင်း ကျနော်တို့ဆီကနေ ထောက်ခံချက်ယူပြီး တင်သွင်းရန် မလိုအပ်တော့ ဖြစ်ပါတယ်။”
ဇွန်လ ၁၆ ရက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမေးမြန်းတဲ့ တရားမဝင် ဂြိုဟ်တုစလောင်းနဲ့ ရုပ်သံဖမ်း စက်တွေကို အခွန်ကောက်ဖို့နဲ့ လိုအပ်သလို အရေးယူဖို့ အစီစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းအပေါ် ၀န်ကြီးက ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။











