DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာသန်း ၅၀၀၀ ကျော်ထိရောက်ရှိလာ
DVB
·
June 16, 2017
မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု  ကန်ဒေါ်လာသန်း ၅၀၀၀ ကျော်ထိရောက်ရှိလာ
Donate to DVB

မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုဟာ  အမေရိကန်ဒေါ်လာ  သန်း၅၀၀၀ ကျော်အထိရောက်လာခဲ့ပြီး  ကာလတူ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကုန်သွယ်မှုတန်ဖိုးထက် ဒေါ်လာ သန်း ၇၃၀ တိုးလာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။

ပြည်ပပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၉၅၇ သန်းရရှိခဲ့ပြီး  သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၃၁၁၆ သန်းကျော် အထိရှိခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေ တန်ဖိုးက ကန်ဒေါ်လာ ၁၁၅၉ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီလ တလထဲအတွက် ပို့ကုန် ကန်ဒေါ်လာ ၈၅၅ သန်းကျော်နဲ့ သွင်းကုန် ကန်ဒေါ်လာ ၁၁၁၆ သန်းခွဲ  စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၉၇၂ သန်းရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေက ကန်ဒေါ်လာ ၂၆၀သန်းကျော်ရှိခဲ့ပါတယ်။

လယ်ယာထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ၆၀၃သန်း၊ ရေထွက်နှင့် တိရိစ္ဆာန်ထွက်ကုန်ကနေ ၉၂ သန်း၊ သတ္တုတွင်းထွက်ကနေ ၁၅၂ သန်း၊ သစ်တော ထွက်ပစ္စည်းတင်ပို့မှု ကနေ ၄၃ သန်းနဲ့  စက်မှုကုန်ချော ၇၃၀ သန်းကျော်ဖိုးအထိ တင်ပို့ထားခဲ့ပါတယ်။

တခြားအမယ်စုံတင်ပို့မှုတွေကနေ အမေရိကန်ဒေါ်လာ ၃၃၄ သန်း ရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ကန်ဒေါ်လာ ၃၉၆၈ သန်း၊ နယ်စပ်ကုန်သွယ်မှုကနေ ကန်ဒေါ်လာ၁၁၀၆ သန်း အသီးသီး ကုန်သွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဓိကနယ်စပ်ကုန်သွယ်ရေး ဂိတ်တခုဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေး စခန်းကုန်သွယ်မှုကတော့ မနှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၉၀ လောက်ကျဆင်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013