DVB Logo
Home
Lead Story
ခါ့ဂ်ကျွန်းကို ထရမ့်ပ် ဘာကြောင့်လိုချင်သလဲ
DVB
·
March 30, 2026
Photo: 2026 Planet Labs PBC/Handout via REUTERS
Photo: 2026 Planet Labs PBC/Handout via REUTERS
Donate to DVB

စီးပွားရေး သွေးကြောမကြီး

အီရန်ကမ်းလွန်က ကျောက်ဆောင်ထူထပ်တဲ့ ကျွန်းငယ်လေးတခုဖြစ်ပေမဲ့ ခါ့ဂ်ကျွန်းဟာ လက်ရှိမှာ ပထဝီနိုင်ငံရေး တင်းမာမှုတွေရဲ့ ဗဟိုချက် ဖြစ်နေပါတယ်။

အီရန်နိုင်ငံရဲ့ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းဟာ ဒီကျွန်းပေါ်က ဆိပ်ကမ်းကနေတဆင့် စီးဆင်းနေတာပါ။

ကုန်းတွင်းပိုင်းနဲ့မတူဘဲ ခါ့ဂ်ကျွန်းပတ်လည်က ရေပြင်ဟာ ဧရာမ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်လောက်အောင် နက်ရှိုင်းပြီး ကမ္ဘာတဝန်းက ဝယ်ယူသူတွေဆီ တင်ပို့နိုင်ပါတယ်။

ရေနံဂါလန် ၈၅ သန်း (တနည်းပြောရရင် ရေနံစည်ပေါင်း ၂ သန်းအထိ) တင်ဆောင်နိုင်တဲ့ သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်ပါတယ်။

အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) အတွက်တော့ ဒီကျွန်းဟာ ဝင်ငွေရရှိဖို့ အရေးအပါဆုံး အသက်သွေးကြောတခု ဖြစ်ပါတယ်။

အမေရိကန်ရဲ့ မဟာဗျူဟာနှင့် မတ်လ ၁၃ ရက် တိုက်ခိုက်မှု

အမေရိကန်စစ်တပ်က ဒီကျွန်းကို တခေါက် တိုက်ပြီးပါပြီ။ မတ် ၁၃ ရက်နေ့မှာ ဒုံးကျည်ဘန်ကာတွေနဲ့ ရေတပ်မိုင်းသိုလှောင်ရုံတွေ အပါအဝင် ကျွန်းပေါ်က စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၉၀ ကျော်ကို အမရိကန်က ဖျက်ဆီးခဲ့ပါတယ်။ ဒါပေမဲ့ ရေနံအခြေခံအဆောက်အအုံတွေကိုတော့ တမင်သက်သက် ချန်လှပ်ထားခဲ့ပါတယ်။

ပိုက်လိုင်းတွေကို အလုံးစုံ ဖျက်ဆီးပစ်တာဟာ အီရန်ရဲ့ စီးပွားရေးကို ပြိုလဲသွားစေနိုင်ပေမဲ့ ကမ္ဘာ့ရေနံဈေးကွက်ကို ထိုးတက်သွားစေမဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

ဒါ့ကြောင့် အမေရိကန်ဘက်က ကျွန်းကို ပိတ်ဆို့ဖို့ (ဒါမှမဟုတ်) ကာလတို သိမ်းပိုက်ထားဖို့ဆိုတဲ့ တခြားရွေးချယ်စရာတခုကို စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပြန်ဖွင့်ပေးလာအောင် ဒီကျွန်းကို အကျပ်ကိုင်စရာအနေနဲ့ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးနှင့် လက်တုံ့ပြန်မှု

ဒါပေမဲ့ ခါ့ဂ်ကျွန်းကို သိမ်းပိုက်ဖို့ဆိုတာ ရေကြောင်းကနေဖြစ်စေ၊ လေကြောင်းကနေဖြစ်စေ ရှုပ်ထွေးတဲ့ ဝင်ရောက်မှုတွေ လုပ်ဆောင်ရမှာဖြစ်လို့ ကြီးမားတဲ့ ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုတရပ် ဖြစ်လာနိုင်ပါတယ်။

အီရန်ဘက်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ မကြာသေးမီ သီတင်းပတ်တွေမှာ အီရန်ဟာ ကျွန်းပေါ်ကို တပ်ကူတွေ၊ တင့်ကားဖျက် မိုင်းတွေနဲ့ ပခုံးထမ်းဒုံးကျည်တွေကို အကြီးအကျယ် ဖြည့်တင်းထားခဲ့ပါတယ်။

မြေပြင်ကနေ ကျူးကျော်ဝင်ရောက်လာမဲ့ ဘယ် အမေရိကန်တပ်ဖွဲ့ကိုမဆို “မီးမိုးရွာချပစ်မယ်” လို့ အီရန်အရာရှိတွေက သတိပေးထားပါတယ်။

သူတို့ရဲ့ စွမ်းအင်ပိုင်းဆိုင်ရာ အဆောက်အအုံတွေ တိုက်ခိုက်ခံရရင်လည်း ပင်လယ်နီထဲက သင်္ဘောတွေကို ပစ်မှတ်ထားတာမျိုး ဒါမှမဟုတ် ဒီဒေသထဲက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စွမ်းအင်အဆောက်အအုံတွေကို ဖျက်ဆီးတာမျိုးတွေနဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013