DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်ကို ပြန်လွှတ်ပေး (ရုပ်သံ)
DVB
·
June 16, 2017
စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်ကို ပြန်လွှတ်ပေး (ရုပ်သံ)
Donate to DVB



ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်ကို တရားရုံးမတင်တော့ဘဲ အမှုကနေပလပ်ပြီး တရားသေပြန်လွှတ်ပေးလိုက်ပါတယ်။

The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာနဲ့ပတ်သက်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံထားရတဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးသူ ဗြိတိသျှကိုကိုမောင်တို့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

ရုံးထုတ်ရာမှာ သရော်စာရေးသူ ဗြိတိသျှ ကိုကိုမောင်ကို စွဲဆိုထားတဲ့ ပုဒ်မနဲ့ မသက်ဆိုင်တာကြောင့် တရားသူကြီးက အမှုကနေ ပလပ် ပယ်ဖျက်ပေးခဲ့ပေမယ့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကတော့ ဒုတိယအကြိမ် အာမခံလျှေက်ထားမှု ပယ်ချခံခဲ့ရတယ်လို့ The Voice  သတင်းစာက သတင်းထုတ်ပြန်ထားပါတယ်။

ပြန်လွတ်လာတဲ့ ဗြိတိသျှကိုကိုမောင်က “ကျနော်က စပြီးအမှုတည်ဆောက်စဉ်ကတည်းက သူတို့ဆက်သွယ်ရေးရဲ့ ပြန်ကြားချက်အရ ကျနော်သည် ပုံနှိပ်မီဒီယာမှာ ရေးသားခြင်းဖြစ်တယ်၊ ဆွဲထားတဲ့အမှုက ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဆိုတဲ့အတွက် ပုံနှိပ်မီဒီယာမှာ ရေးသားထားတာကို တင်တဲ့လူနဲ့ပဲ သက်ဆိုင်တယ်လို့ ဆက်သွယ်ရေးက ဆိုတယ်ပေါ့။ ကိုကျော်မင်းဆွေသည် အယ်ဒီတာချုပ်ဖြစ်တဲ့အတွက် အွန်လိုင်းတင်တဲ့ကိစ္စမှာ အဓိက တာဝန်ရှိတယ်လို့ သူတို့ကယူဆပြီး ကျနော့်ကိုတော့ တရားစွဲဆိုဖို့ မသင့်ပါဘူးဆိုပြီး ကျနော့်ကို တရားသေလွှတ်လိုက်ပြီးတော့ ကိုကျော်မင်းဆွေကိုတော့ ဆက်လက်ချုပ်ထားတာ ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ ဗဟန်းတရားရုံးမှာ ဒီမနက် ဒုတိယအကြိမ်မြောက် ရုံးထုတ်နေ့မှာ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို အပြီးပယ်ဖျက်သင့်ကြောင်း လက်ကမ်းစာစောင်တွေ ဝေပေးခဲ့ပါတယ်။

ရုပ်သံ - နေရီရီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013