DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းဇုန်များတွင် ယဉ်ကျေးမှုနှင့်မလျော်ညီသည့် အဝတ်အစားဝတ်ပါက အရေးယူမည်
DVB
·
June 16, 2017
ရှေးဟောင်းဇုန်များတွင် ယဉ်ကျေးမှုနှင့်မလျော်ညီသည့် အဝတ်အစားဝတ်ပါက အရေးယူမည်
Donate to DVB

ရှေးဟောင်းဇုန်တွေနဲ့ ဘုရားတွေရှေ့မှာ ဟီရိသြတပ္ပကင်းစင်တဲ့ အဝတ်စားတွေ ၀တ်ပြီး ဓာတ်ပုံရိုက်တာတွေရှိရင် ရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေးဥပဒေ ပုဒ်မနဲ့ တရားစွဲဆိုသွားမယ်လို့ ရှေးဟောင်းဘုရားများ ထိန်းသိမ်းရေးနှင့် ပုဂံဘုရားများပြုပြင်ရေး ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

အခုတလော လူမူကွန်ယက်မှာ ရှေးဟောင်းအမွေနှစ်ကို နောက်ခံထားပြီး အ၀တ်အစားအတိုအပြတ်ဝတ်ဆင် ဓာတ်ပုံရိုက် တင်ထားတာနဲ့ပက်သက်ပြီး မေးမြန်းရာမှာ ရှေးဟောင်းဘုရားများ ထိန်းသိမ်းရေးနှင့် ပုဂံဘုရားများပြုပြင်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းကျော်ဇောက "ပထမဆုံးအကြိမ် သတိပေးမယ်။ နောက်ထက်ကျူးလွန်ရင် တရားစွဲမယ်" လို့ ပြောပါတယ်။

ဘုရားနောက်ခံထား၊ ရှေးဟောင်းအမွေအနှစ် နောက်ခံထားပြီးမှ ယဉ်ကျေးမူကို ပျက်ယွင်းစေတာမျိုး မဖြစ်စေချင်လို့ ရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေးဥပဒေ ပုဒ်မနဲ့တရားစွဲဆိုဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။

အရင်အစိုးရလက်ထက်က မန္တလေးမြို့ မြနန်းစံကျော်ရွှေကျောင်းမှာ ပုလ္လင်ပေါ်တတ်ပြီး မင်းတုန်းမင်းရုပ်တုနဲ့ အမျိုးသမီးတစ်ယောက် ဓာတ်ပုံအတူ ရိုက်ကူးတာတွေရှိခဲ့ပါတယ်။

ဒါကြောင့် အခုအင်းဝ၊ မြနန်းစံကျော်၊ ပုဂံဘုရားစတဲ့  ရှေးဟောင်းအမွေနှစ် နောက်ခံထားပြီး သဟဇာတမဖြစ်တဲ့ ၀တ်စားဆင်ယင်မူမျိုးကို မ၀တ်ဆင်ဖို့ ကန့်သတ်ချက်စာတွေ ရေးထားပြီး ဗီနိုင်းတွေ ကပ်သွားမယ်။ ဖောက်ဖျက်ကျူးလွန်ရင် တရားစွဲဆိုသွားမှာမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013