DVB Logo
Home
မြန်မာသတင်း
အကျဉ်းထောင်များအတွက် ဆရာဝန်အင်အား မလုံလောက်သေးဟု ပြည်ထဲရေးပြော
DVB
·
June 16, 2017
အကျဉ်းထောင်များအတွက် ဆရာဝန်အင်အား မလုံလောက်သေးဟု ပြည်ထဲရေးပြော
Donate to DVB

အကျဉ်းထောင်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ပြည့်စုံအောင်ခန့်ပေးဖို့ ဆရာဝန်အင်အား မလုံလောက်သေးဘူးလို့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောဆိုလိုက်ပါတယ်။

ဇွန် ၁၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် ၆၆ ထောင်အတွက် ကျန်းမာရေးဝန်ထမ်းတွေ ပြည့်စုံအောင် သီးသန့်ခန့်ထားပေးဖို့ အစီစဉ် ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေဆိုတာဖြစ်ပါတယ်။

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နေ့စဉ်ကြည့်ရှုကုသမှုပေးတာ၊ လိုအပ်ရင် အကျဉ်းထောင်ဆေးရုံနဲ့ ပြင်ပဆေးရုံတွေမှာ တက်ရောက်ကုသနိုင်ဖို့ ဆောင်ရွက်နေသလို ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံတွေက အထူးကုဆရာဝန်ကြီးတွေကို လစဉ်လာရောက်ကုသပေးနိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှာ ၀န်ထမ်း စုစုပေါင်း ၁၀၅၃၉ ယောက်ကို ဖွဲ့စည်းပုံခွင့်ပြုထားပြီး အဲဒီဖွဲ့စည်းပုံမှာ ကျန်းမာရေးဝန်ထမ်း ၇၄၃ ယောက် ဖွဲ့စည်းထားပေမယ့် လက်ရှိမှာ ၂၃၆ ယောက်ပဲ ခန့်ထားနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းရဲ့ ဖွဲ့စည်းပုံဟာ ၃၂ ရာခိုင်နှုန်းနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013