DVB Logo
Home
မြန်မာသတင်း
တာချီလိတ် အုပ်ချုပ်ရေးမှူးရုံးအနီး မြောင်းအတွင်း အလောင်းတွေ့ရှိ
DVB
·
June 15, 2017
တာချီလိတ် အုပ်ချုပ်ရေးမှူးရုံးအနီး မြောင်းအတွင်း အလောင်းတွေ့ရှိ
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ရေမြောင်းထဲမှာ အမျိုးသား အလောင်းတလောင်း တွေ့ရှိတဲ့အတွက် ဒေသခံတွေက တာချီလိတ်မြို့မ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။

သေဆုံးသူဟာ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးတာ ၃ ရက်လောက်ရှိပြီလို့ လာရောက်ဆယ်ယူတဲ့ ဒေသခံတွေက ယူဆနေကြပါတယ်။

ရုပ်အလောင်းကို စတင်မြင်တွေ့ရတဲ့ ဒေသခံတဦးက "ဒီနေ့မနက်မှ အလောင်းက အပုပ်နံ့တအားထွက်လာလို့ အနီးအနားမှာနေတဲ့သူတွေက လိုက်ရှင်ရင်းတွေ့တာ၊ အစက ခွေသေကောင်ပုပ်တယ်ပဲထင်တာ၊ သေတဲ့သူက ဘယ်သူလဲတော့မသိဘူး။ အရက်မူးလွန်ပြီး တံတားပေါ်က ရေမြောင်းထဲပြုတ်ကျပြီး သေတာနဲ့တူတယ်" လို့ ပြောပါတယ်။

သေဆုံးသူနဲ့ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက မှုခင်းဆရာဝန်ဆီပေးပို့ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်/မဟုတ် စစ်ဆေးနေသလို သေမှုသေခင်းနဲ့ အမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကိုဇက် (တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013