DVB Logo
Home
မြန်မာသတင်း
ချင်းနိုင်ငံရေးပါတီနှစ်ခု ပူးပေါင်း
DVB
·
June 15, 2017
ချင်းနိုင်ငံရေးပါတီနှစ်ခု ပူးပေါင်း
Donate to DVB

ချင်းနိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နဲ့ ချင်းတိုးတပ်ရေးပါတီ (CPP) တို့ တပါတီတည်းအဖြစ် ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပြီလို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

ပါတီနှစ်ခုရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေး ကြရာမှာ တပါတီတည်းဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးဒိုင်ထုံးက ပြောပါတယ်။

“အရင်ကတည်းက ချင်းပါတီတွေ ပူးပေါင်းဖို့ ကျနော်တို့လုပ်ထားတာလေ။ အခုဟာက အကုန်လုံးက အဆင်မပြေလို့ နှစ်ပါတီပဲ ပေါင်းတယ်။ ကျန်တဲ့ပါတီတွေက အဆင်သင့်မဖြစ်သေးဘူး။ နောက်တော့လာလိမ့်မယ်။ ”

ပါတီနှစ်ခုပြန်ပေါင်းတဲ့ ပါတီတီနာမည်၊ လိုဂို၊ မူဝါဒနဲ့ ပြန်လည်ဖွဲ့စည်းရေးကိစ္စတွေကို နောက်လုပ်ငန်းစဉ်တွေမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီကနေ့ အစည်းအဝေးအရ ပါတီ ပူးပေါင်းစည်ဖို့သာ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ပါတီပေါင်းစည်းရေးအတွက် ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ အစရှိတဲ့ မြို့နယ်တွေအပြင် ကလေး၊ တမူးမြို့နယ်တွေက ပါတီနှစ်ခုလုံးရဲ့ ကော်မတီဝင်တွေက ပေါင်းစည်းရေး သဘောတူညီကြောင်း လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီပေါင်းစည်းရေးဖြစ်စဉ်မှာ တခြားချင်းနိုင်ငံရေးပါတီတွေနဲ့ ချင်းလူမျိုးကို အခြေမခံတဲ့ နိုင်ငံရေးပါတီနဲ့ တသီးပုဂ္ဂလတွေလည်း တန်းတူပါဝင်နိုင်ရေး တခါးဖွင့်ထားတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ထုတ်ပြန်ထားပါတယ်။

ပူးဇိုဇမ်း (ခ) ဇမ်ကျင်ပေါ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ ပူးနိုထန်ကပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ချင်တိုးတက်ရေးရေးပါတီနှစ်ခုလုံးဟာ ၂၀၁၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုတ၀န်းလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပါတီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013