DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာများကို စတင်ခုံရုံးဖွဲ့စစ်ဆေး
DVB
·
June 15, 2017
ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာများကို စတင်ခုံရုံးဖွဲ့စစ်ဆေး
Donate to DVB

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေအကြား အပြန်အလှန်အငြင်းပွား ကန့်ကွက်ခဲ့တဲ့ အမှု ၆ မှုရှိပြီး ရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့နဲ့ စစ်ဆေးနေပါတယ်။

ဇွန်လ ၁၂ ရက်က စတင်ကြားနာတဲ့ အမှု ၆ ခုထဲမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို ကန့်ကွက်တာ ၁ မှုရှိပြီး နောက် ၅ မှုကတော့ ကြံ့ခိုင်ရေးက အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေကို ကန့်ကွက်ထားတာပါ။

ကန့်ကွက်ခံထားရတဲ့ ကြံ့ခိုင်ရေးပါတီက ရှမ်းပြည်နယ် ကျိုင်းတုံ ၂ မဲဆန္ဒနယ်က ဦးရှာမွေလရှန်က “အချက် ၁၄ ချက် ကန့်ကွက်ထားတယ်။ အဲဒီထဲမှာ ၁၃ ချက်က မဲရုံတွင်းမှာ ဖြစ်တဲ့ ကိစ္စတွေ၊ ကျနော်နဲ့ မဆိုင်တာတွေ။ တစ်ချက်ပဲ။ မဲဆွယ် ပန်းဖလက်မှာ ထုတ်ဝေခွင့် အမှတ်တွေ မပါဘူး ဆိုတာ။ အဲဒါကလည်း ကျနော်က ကိုယ်စားလှယ်လွှဲပြီး လုပ်ခိုင်းတာမှာ ဖြစ်သွားတာ” လို့ ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက “ ပထမ ရုံးချိန်းကတော့ ကန့်ကွက်ခံရသူကို အဆိုလွှာကို ပေးတာပေါ့။ လာမယ့်ရုံးချိန်းမှာတော့ ချေပလွှာကို ပြန်တင်ရမယ်။ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာတင်နိုင်ပေမယ့် အခုထိတော့ တင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကန့်ကွက်လွှာအမှုတွေအတွက် နောက်တစ်ကြိမ်စစ်ဆေးဖို့ကိုတော့ လာမယ့် ဇွန်လ ၁၉ ရက်၊ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ချိန်းဆိုထားပါတယ်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းပေါင်း ၉၄ ယောက် ယှဉ်ပြိုင်ခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က ၆ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ - ကယားပြည်နယ် (ANDP) တွေက တစ်နေရာစီ အနိုင်ရခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013