
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ထက် ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်ကကျေးလက်ဒေသဖွံ့ဖိုးရေး လုပ်ငန်းတွေမှာလျှော့ နည်းသုံးစွဲသွားမယ်လို့ ဆိုပါတယ်
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေက ကျပ်သန်းပေါင်း ၇၉၃ဒသမ ၅၀သန်းကိုသုံးစွဲခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာ ၁၀၈ ဒသမ ၇ သန်းသာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လျှော့သုံးစွဲသွားဖို့ ရှိတယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအရာရှိ နည်းပညာ ဦးမင်းထောစံ က ပြောပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတားရေပေးဝေရေးလုပ်ငန်း ကဏ္ဍတွေမှာ အဓိက တင်ဒါအောင်မြင်ထားခဲ့တဲ့ ကုမ္ပဏီတွေက ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က သတ်မှတ် ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်ပေးသွားခဲ့တယ်လို့ (ဦးစီးအရာရှိ) နည်းပညာ ဦးမင်းထောစံက ဆက်ပြောပါတယ်။
၂၀၁၇ ၂၀၁၈ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာလည်းတင်ဒါအောင်မြင်မည့်ကုမ္ပဏီ တွေက ရွှေပြည်သာ ကျုံပေါမှ ပေ ၂၅ ပေ တံတား ၁ စင်းနဲ့ တူးမြောင်းကျေးရွာအုပ်စု ချောင်းတောင် နှစ်ကရင်ကျေးရွာအပါဝင် ရွာပေါင်း ၅ ရွာတွင် ရေပေးဝေရေးလုပ်ငန်း ၆ ခုကိုသာ ဆက်လက် အကောင်အထည်ဖော် သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နေမျိုးထွဋ် (ရေး)











