DVB Logo
Home
မြန်မာသတင်း
သထုံတွင် အောက်ဆီဂျင်စက်ရုံတရုံ တည်ဆောက်မည်
DVB
·
June 15, 2017
သထုံတွင် အောက်ဆီဂျင်စက်ရုံတရုံ တည်ဆောက်မည်
Donate to DVB

မွန်ပြည်နယ် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းမှာ ပရဟိတအသင်းတခုက အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီး အခမဲ့ကူညီမှုကို တိုးချဲ့လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်စီဂျင် အခမဲ့ကူညီမှုအသင်း ဒု-ဥက္ကဋ္ဌ ဦးဝင်းမြင့်က “သထုံခရိုင်အတွင်းရှိတဲ့ ခရိုင်ပြည်သူ့ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ ကျေးလက်ဆေးပေးခန်း၊ လူမှုရေးအဖွဲ့အစည်း၊ အရေးပေါ်လူနာတင်ယာဉ်၊ မြို့ပေါ်ရပ်ကွက်က အရေးပေါ် အောက်ဆီဂျင်လိုအပ်တဲ့ မည်သည့်လူနာမဆို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာမှာ ပိုမိုထိရောက်စွာ လုပ်ဆောင်ပေးနိုင်ဖို့နဲ့ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေက လိုအပ်ရင် ပံ့ပိုးပေးနိုင်ဖို့အတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရခြင်းဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်ရုံကနေ အောက်ဆီဂျင် တနေ့ကို ၄၀ လီတာဝင်အိုး ၄၅ လုံးထွက်ရှိစေမယ်လို့ ဆိုပါတယ်။

အသင်းသူ/အသားတွေ ထည့်ဝင်ငွေ လစဉ်အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ တည်ဆောက်ကြမှာဖြစ်ပါတယ်။

ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း ၁၅၀၀ ဖြစ်ပြီး အလှူငွေလိုအပ်နေဆဲဖြစ်ပါတယ်။

သထုံမြို့ နန်းခဲရပ်ကွက်နေ ဦးမြင့်လွင်က “သထုံမှာ ဒီလို ပရဟိတအသင်းတွေရှိတာကို ကျနော်တို့ ကြိုဆိုပါတယ်။ အသင်းရုံးက ဆေးရုံကြီးဝင်းထဲမှာဆိုတော့ လူနာတွေအတွက် ကုန်ကျမှုနဲ့ သွားရေးလာရေးအခက်အခဲတွေ ပိုမိုအဆင်ပြေသွားတယ်။ အခုစက်ရုံပါ တည်ဆောက်ပြီး ပိုမိုဖြန့်ဝေနိုင်အောင်ဆောင်ရွက်မယ်ဆိုတော့ ဒီအသင်းအဖွဲ့ကြီးကို လူနာရှင်တွေရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါအသင်းကို ၂၀၁၅ ခုနှစ် ၁၀ လပိုင်း ၁ ရက်နေ့က ဖွဲ့ခဲ့ကြတာဖြစ်ပြီး  လက်ရှိကာလအထိထ သွေးအလုံးပေါင်း ၆ ထောင်ကျော် အောက်ဆီဂျင်ပေါင်း ၈ ထောင်ကျော် ကို အခမဲ့လှူဒါန်းပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်ဇွန် ၁၈ ရက်နေ့မှာတော့ အထက(၁)ကျောင်းအနီးမှာ စက်ရုံအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပကြမှာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013