DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအစိုးရဟောင်း လက်ထက်စာရင်းပျောက်ငွေ ကျပ်သိန်း ၁၈၀၀၀ ပြန်ပေးပြီး
DVB
·
June 15, 2017
မကွေးတိုင်းအစိုးရဟောင်း လက်ထက်စာရင်းပျောက်ငွေ ကျပ်သိန်း ၁၈၀၀၀ ပြန်ပေးပြီး
Donate to DVB

အရင်မကွေးတိုင်းဒေသကြီး အစိုးရလက်ထက်မှာ စာရင်းပျောက်နေတဲ့ ငွေတွေထဲက ကျပ်သိန်းပေါင်း ၁၈၀၀၀ ကို လက်ရှိအစိုးရထံ  ပြန်သွင်းပေးပြီးဖြစ်တယ်လို့ တိုင်း အစိုးရအဖွဲ့ဝင်တယောက်က ပြောပါတယ်။

မကွေးတိုင်း ရေနံလက်ယက်တွင်းတွေက ရရှိတဲ့ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို အရစ်ကျ ပြန်ပေးသွင်းနေတာမှာ ဇွန် ၁၄ ရက်က ကျပ်သိန်း ၅၀၀၀ ထပ်မံ ပေးသွင်းခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကလာသွင်းတာပါ။ အရင် ဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးကြည်ထွန်းက မြန်မာ့စီးပွားရေးဘဏ်မှာ လက်ရှိအစိုးရရဲ့ ရငွေစာရင်းကို ထည့်သွင်းတာပါ။ စုစုပေါင်း ပေးသွင်းဖို့ ညွှန်ကြားထားတာက ၃ ဒသမ ၂၅ ဘီလျံ (ကျပ်သိန်းပေါင်း သုံးသောင်းနှစ်ထောင့်ငါးရာ) ဖြစ်ပါတယ်” လို့ ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။

အရင်အစိုးရလက်ထက်က ရရှိခဲ့တဲ့ ရန်ပုံငွေတွေထဲက အစိုးရသစ်ကို လွှဲပြောင်းမပေးခဲ့ပဲ စာရင်းပျောက်နေတာကို လွှတ်တော်မှာ မေးမြန်းခဲ့ပြီးနောက်  ပြည်ထောင်စုအစိုးရက စုံစမ်းရာမှာ ရေနံလက်ယက်တွင်းတွေကနေ ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်အထိ ရခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ တာဖြစ်ပါတယ်။

အဲဒီငွေတွေထဲက မကွေးတိုင်းကြံ့ခိုင်ရေးပါတီအတွက် ကျပ်သိန်းပေါင်း တစ်သောင်း ခုနစ်ထောင်၊ ရွှေသုခ လူမှုရေးအသင်းအတွက် ကျပ်သိန်းပေါင်း တစ်သောင်းခွဲသုံးစွဲခဲ့တယ်လို့ ပေါ်ပေါက်ခဲ့တာပါ။

အဲဒီငွေတွေကို လက်ရှိအစိုးရကို ပြန်အပ်ဖို့  နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားခဲ့ပြီး အရစ်ကျ ပြန်သွင်းမယ်လို့  မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်းက အကြောင်းပြန်ကြားခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၂၉ ရက်မှာ ကားလေးစီးနဲ့ ဘက်ဟိုးတစ်စီးကို ပြန်အပ်ခဲ့ပြီး ငွေတွေကိုလည်း အလီလီ အရစ်ကျ ပြန်လည်ပေးသွင်းနေတာပါ။ နောက်ထပ်ပေးသွင်းဖို့ ကျန်နေတဲ့ ကျပ်သိန်းပေါင်းတစ်သောင်းခွဲလောက်ကို လာမယ့် ဇူလိုင်လကုန် နောက်ဆုံးထား ပေးသွင်းရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013