DVB Logo
Home
မြန်မာသတင်း
Y-8 လေယာဉ်မှ လက်ဝတ်ရတနာနှင့်ငွေစက္ကူများတွေ့ရှိ
DVB
·
June 15, 2017
Y-8 လေယာဉ်မှ  လက်ဝတ်ရတနာနှင့်ငွေစက္ကူများတွေ့ရှိ
Donate to DVB

ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 ကနေ ခရီးဆောင်အိတ်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ ငွေစက္ကူတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီမနက် သတင်းထုတ်ပါတယ်။

ဇွန် ၁၄ ရက် ည ၇ နာရီမှာ  ရှာဖွေရေးလုပ်ဆောင်နေတဲ့ ဒေသခံငါးဖမ်းစက်လှေ ၃ စီးက လောင်းလုံဘုတ်ကျွန်းရဲ့ တောင်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အရာရှိ စိစစ်ရေးကတ် ၁ ကတ်၊ မှတ်ပုံတင်ကတ် ၂ ကတ် ကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်းမကန်-မရင်းကြီးကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေတဲ့ မြေပြင်တပ်တွေက  ဒီကနေ့ မနက်  ၈ နာရီ ၄၅ မိနစ်မှာ  ကျား/မ မခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၃ လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့လို့ အခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၉၀ ရှာဖွေတွေ့ရှိထားပြီလို့ လည်း တပ်မတော်သတင်းအရ သိရပါတယ်။

လေယာဉ်ပျက်ကျမှုကနေ ပြန်လည်ရှာဖွေတွေ့ရှိတဲ့ အလောင်းတချို့မှာ ထိခိုက်ပျက်ရှ ဒဏ်ရာတွေ ရရှိထားတာကို တွေ့ရှိနေရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပေးနေတဲ့  ဇမ္ဗူသီရိ အရေးပေါ်လူနာ အခမဲ့ ကူညီသယ်ဆောင်ရေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဒီဗွီဘီကို ပြောပါတယ်။

အလောင်းတွေမှာ ကိုယ်အင်္ဂါ အစုံမတွေ့ရှိရဘဲ ပျက်စီးနေတဲ့ ခန္ဓာကိုယ်တွေကိုသာ အများစုတွေ့ရတယ်လို့လည်း ပြောပါတယ်။

ဆယ်ယူရရှိတဲ့ အလောင်းတွေထဲမှာ အမျိုးအမည်ခွဲခြားနိုင်တဲ့ အမျိုးသားရုပ်အလောင်း ၃၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၈ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်းရုပ်အလောင်း ၇၁ လောင်းကို ထားဝယ်မြို့ ဇဟာကျေးရွာမှာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ပါ တယ်။

ဇွန်လ ၇ ရက်က ပျက်ကျသွားတဲ့ တပ်မတော်ပိုင်Y-8 လေယာဉ်ဟာ ၂၀၁၆ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်ငံကို  နောက်ဆုံးရောက်ရှိခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်။

လေယာဉ်ကို နာရီပေါင်း ၃၁၆၂ နာရီအတွေ့အကြုံရှိ လေယာဉ်မှူးကြီး ယာယီဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း၊ တွဲဖက်လေယာဉ်မှူး ယာယီဒုတိယဗိုလ်မှူးကြီး စိုးသူဝင်းနဲ့ တွဲဖက်လေယာဉ်မှူး ဗိုလ်မှူး သန့်ဇင်ဌေး၊ ပျံသန်းရေး အင်ဂျင်နီယာ ဗိုလ်ကြီး ကျော်စိုးတို့က တာဝန်ယူပျံ သန်းမောင်းနှင်ခဲ့တာပါ။

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၁၄ ဦး၊ အရာရှိ ၆ဦး၊ စစ်သည် ၂၉ ဦးနဲ့  မိသားစုဝင် ကလေး ၁၅ ဦး ၊ လူကြီး ၅၈ ဦး စုစုပေါင်း ၁၂၂ ဦးလိုက်ပါသွားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013