DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် သက်တမ်းလွန်ဆေးဝါးရောင်းသူများအား ထိရောက်စွာ အရေးယူမည်
DVB
·
June 15, 2017
စစ်ကိုင်းတွင် သက်တမ်းလွန်ဆေးဝါးရောင်းသူများအား ထိရောက်စွာ အရေးယူမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သက်တမ်းလွန်ဆေးဝါးတွကို  ထိထိရောက်ရောက် အရေး ယူမယ်လို့ တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနမှ ဒေါ်နီလာဝင်းက ပြောပါ တယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ ကျန်းမာရေး၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းအဖွဲ့ဟာ အင်းတော်မြို့ပေါ်က ဆေးဆိုင်တွေမှာ မနေ့မနက်က လိုက်လံစစ်ဆေးခဲ့ကြပါတယ်။

ဒေါ်နီလာဝင်းက “ကျမတို့က အဓိကဆေးဆိုင်တွေမှာ ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိမရှိ၊ သက်တမ်းကုန်ဆုံးနေလား အဓိက စစ်တယ်။ စပ်ဆေးတွေ ရောင်းသလား မှတ်ပုံမတင်ထားတဲ့ တရားမဝင်တင်သွင်းထားတဲ့ ဆေးဝါးတွေ ဆေးဝါးအတုတွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စားသုံးရန်မသင့်တဲ့ ဆေးဝါးတွေ ရောင်းချနေလား ဆိုတာကို စစ်ဆေးတာပါ။” နောက်ပိုင်းမှာ အမျိုးသားဆေးဝါးဥပဒေအရ ပြဌာန်းထားတဲ့ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ အရေးယူမှာပါ။ ရောင်းချခွင့်ပိတ်သိမ်းတာရှိမယ်။ အမျိုးသားဆေးဝါးဥပဒေအရ ငွေဒဏ်တွေ ထောင်ဒဏ်တွေ ပြဋ္ဌာန်းအရေးယူဆောင်ရွက်တာရှိသလို အများဆုံးက ထောင်ဒဏ် ၇ နှစ်ထိ ရှိပါတယ်။”

ကသာခရိုင်အတွင်းမှာ စားသုံးဖို့မသင့်တဲ့ တရုတ်နိုင်ငံလုပ် ခေါက်ဆွဲအစိမ်း ခြောက်ထုပ်တွေနဲ့ တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကြက်ဥတွေ အများဆုံးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဆိုင်တွေမှာ ရှောင်တခင်ဝင်ရောက်ပြီး ရက်လွန်မှိုတက်ဆိုးဆေး အလွန်အကျွံသုံးစွဲထားတဲ့ စားသောက်ကုန်တွေ မရောင်းချကြဖို့ ဆွေးနွေး အသိပညာပေးတာ၊ ဓာတ်ခွဲ စမ်းသပ်ဖို့ ပစ္စည်းနမူနာသိမ်းဆည်းတာတွေ ဆောင်ရွက်နေပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013