DVB Logo
Home
မြန်မာသတင်း
မြန်မာများကို တရားမ၀င်လူကုန်ကူးခဲ့သည့် မလေးစစ်အရာရှိဟောင်း ပြစ်ဒဏ်ချမှတ်ခံရမည်
DVB
·
June 15, 2017
မြန်မာများကို တရားမ၀င်လူကုန်ကူးခဲ့သည့် မလေးစစ်အရာရှိဟောင်း ပြစ်ဒဏ်ချမှတ်ခံရမည်
Donate to DVB

မြန်မာနိုင်ငံသား ၁၅ ဦးကို နိုင်ငံတွင်း တရားမ၀င်လူကုန်ကူးခဲ့တဲ့ မလေးရှားနိုင်ငံသား စစ်တပ်အရာရှိဟောင်းတဦးကို တရားရုံး ၂ ခုက စွဲချက်တင်ခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရတော့မယ်လို့ မလေးအခြေစိုက် သည်စတားသတင်းမှာ ဇွန် ၁၄ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၃၇ နှစ်အရွယ် မိုဒ်အက်ဆရီ နော်ဒင်ဟာ စစ်တပ်မှ တပ်ကြပ်အဆင့်ရှိတဲ့ ၀န်ထမ်းဟောင်းတဦးဖြစ်ပြီး မြန်မာ ၁၅ ဦးကို ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ မနက် ၁၀.၄၅ နာရီမှာ ဗဲန်ကားတစီးနဲ့ ကူဘန်ဆီမန်ဒေသတွင်းကို ခိုးသွင်းခဲ့တာလို့ ဆိုပါတယ်။

လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်ပြီး အသက် ၁၆ နှစ်နဲ့ ၃၀ ကြားအရွယ်တွေဖြစ်ကြကာ တရားဝင် ခရီးသွားလာခွင့် ဆိုင်ရာ စာရွက်စာတမ်းတွေ ပါမလာကြဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

မိုဒ်အက်ဆရီဟာ မြန်မာနိုင်ငံသားတွေကို တရားမဝင်လုပ်သားတွေအဖြစ် အေးဂျင့်ဆီကို ပို့ဆောင်ပေးဖို့ တဦးကို မလေးရှားရင်းဂစ် ၁၂၀ စီယူပြီး ခုလိုတင်ဆောင်လာခဲ့တာလို့ သည်စတားသတင်းမှာ မေလ ၂၅ ရက်နေ့က ဖော်ပြခဲ့တာပါ။

မလေးရှားနိုင်ငံ တရားမဝင် လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၆(က) အရ ဒဏ်ငွေဖြစ်စေ၊ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ လူကုန်ကူးမှုဆန့်ကျင်ရေး အက်ဥပဒေ ၂၀၀၇ အရ ဒီပြစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်ဖြစ်စေ၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

တရားရုံး ၂ ခုလုံးက သူ့ကို အသနားခံစာ တင်တာမျိုး၊ အာမခံလျှောက်လဲခွင့်ပေး တာမျိုးတွေ ခွင့်ပြုမှာမဟုတ်ဘဲ အပြီးသတ်ပြစ်ဒဏ်ချမှတ်မှုကို လာမယ့် သြဂုတ် ၃ ရက်နေ့ ချမှတ်သွားမှာပါ။

မြန်မာနိုင်ငံသားတွေကိုတော့ ခရီးသွားစာရွက်စာတမ်းတွေ မပါရှိဘဲ ပျက်ကွက်မှုအတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃၊ ပုဒ်မ ၆(၁)(ဂ) အရ စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013