DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် လေဆင်နှာမောင်း တိုက်ခတ်ခံရသူများ စားဝတ်နေရေး အကူအညီ လိုအပ်နေ
DVB
·
June 14, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှာ ဇွန် ၁၂ ရက်က အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ နေအိမ် ၃၆ အိမ် ပျက်စီးဆုံးရှုံးသွားပြီး လူဦးရေ ၈၀ ကျော် စားဝတ်နေရေး အခက်အခဲဖြစ်နေကြပါတယ်။

ယိုးတရုတ်ကျေးရွာ အရှေ့စုရပ်ကွက်မှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာပါ။

လေဘေးသင့်ပြည်သူတွေအတွက် စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြတယ်လို့ ယိုးတရုတ် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့မှာ နေဖို့အိမ်လည်း မရှိတော့ဘူး။ အိုးတွေ၊ ခွက်တွေအကုန် လေနဲ့ လွင့်ပါသွားတယ်။ မိုးရာသီအတွက် စပါးတွေ နည်းနည်းစုထားတာရှိတယ်။ အဲ့ဒါတွေလည်း လေပြင်းတိုက်လို့ မိုးရွာတာမှာ ပါသွားကြတယ်။ နောက်ပြီးတော့ ကျောင်းတက်နေတဲ့ ကလေးတွေမှာဆိုရင် စာအုပ်တွေ ဘာတွေ မရှိတော့ဘူး။ သူတို့တွေကို အနောက်စုရပ်ကွက် သိမ်ကျောင်းဓမ္မာရုံမှာ ထားရပါတယ်။ အားလုံးကို ပြန်လည်နေရာချထားဖို့ အခက်အခဲရှိနေတယ်။ လောလောဆယ်တော့ မိုးတွေ အရမ်းရွာနေတော့ သူတို့ နေဖို့ ထိုင်ဖို့ အစီအစဉ်တွေအတွက် ဘာမှ မလုပ်ရသေးဘူး။”

လတ်တလောမှာ စားဝတ်နေရေးဖြေရှင်းဖို့ ကျေးရွာလူအင်အားတွေက ကူညီဆောင်ရွက်မှုတွေ ရှိနေပြီး လူမှုအဖွဲ့အစည်း အချို့ကလည်း လာရောက်လှူဒါန်းတာအချို့ ရှိတယ်ဆိုပေမယ့် ရေရှည်မှာ အိမ်ဆောက်မယ့်ပစ္စည်းတွေ အခက်အခဲဖြစ်လာမယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

ယိုးတရုတ်ကျေးရွာက လေဘေးသင့်ပြည်သူတွေကိုကူညီပေးနေတဲ့ ကိုကျော်အောင်သိန်းက “သူတို့ စားဖို့သောက်ဖို့ကို ကျနော်တို့ကော်မတီဖွဲ့ပြီး တာဝန်ယူ ထားပါတယ်။ လူအယောက် ၈၀ ကျော်အတွက် တနေ့ ပျမ်းမျှ ၃ သောင်းခွဲ၊ ၄ သောင်းလောက် ကုန်ပါတယ်။ ရေရှည်ကျတော့ မလွယ်ဘူးပေါ့။ သူတို့မှာက အိမ်တွေ မရှိကြတော့ဘူး။ တချို့တွေမှာဆိုရင် အိမ်တအိမ်လုံး လေဆင်းနှာ မောင်းနဲ့ပါသွားတယ်။ လာလှူတဲ့ အလှူရှင်က ဆန်၊ ဆီ၊ ဆား စတာတွေကို သူတို့ စားဖို့သောက်ဖို့ လုပ်ပေးပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ယိုးတရုတ်လေဘေးသင့်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေဖို့ အလှူရှင်အဖွဲ့ ၁၈ ဖွဲ့က ၁၃ ရက်နေ့ စလို့ လာရောက်လှူဒါန်းမှုတွေ ရှိခဲ့ပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေ အားကောင်းရာမှာ အားအလွန် ကောင်းနေတာကြောင့် ရခိုင်ပြည်နယ်မှာ နောက်ထပ် ၇၂ နာရီအတွင်း မိုးဆက်လက်ကြီးပြီး၊ ကုန်းမြင့်ဒေသ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013