DVB Logo
Home
မြန်မာသတင်း
လားရှိုးခရိုင်၌ ကူးစက်ရောဂါတမျိုးကြောင့် ကျွဲနွားအကောင်ရေ ၁၀၀ ကျော်သေဆုံး
DVB
·
June 14, 2017
လားရှိုးခရိုင်၌ ကူးစက်ရောဂါတမျိုးကြောင့် ကျွဲနွားအကောင်ရေ ၁၀၀ ကျော်သေဆုံး
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းကျက်ကျေးရွာအုပ်စုထဲမှာ ကျွဲနွားတွေ ကူးစက်ရော ဂါဖြစ်တာကြောင့် အကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလလယ်က မိုင်းကျစ်အုပ်စု နောင်အော့ကျေးရွာနေ လုံးတိစိုင်းဆိုသူရဲ့ ကျွဲတကောင်ကနေ စတင်ဖြစ်ပွါးကာ အဲဒီကနေ သူတို့ရွာက ကျွဲနွားတွေရော တခြားရွာက ကျွဲနွားတွေပါ အလားတူဝေဒနာခံစား သေဆုံးခဲ့တာလို့ မိုင်းကျစ်က ရပ်မိရပ်ဖ စိုင်းဆန်တီး က  ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ ကျွဲနွားတွေက အစက အပူကြီးတဲ့ပုံပေါ့၊ တမှိုင်မှိုင်နဲ့ ဘာမှမစားဘူး။ ပြီးတော့ လှဲနေတယ် ပြီးတော့ ဆန့်ငင်ဆန့်ငင်နဲ့ သေသွားတော့တာပဲ။  ဆက်ပြီးတော့ နွားတွေလည်းသေ။ အများဆုံးသေတာက နမ့်လင်းခန်ရွာက စိုင်းလူတို့က ကျွဲချည်းဘဲ ၉ ကောင် ပြီးတော့ နောင်အော့ရွာက    စိုင်းထွန်းက ကျွဲ ၈ ကောင်၊  တချို့ရွာက ၃ ကောင် ၊ တချို့က ၂ ကောင် အဲလို သေကုန်တာ။ ဒီလ ဇွန်လ ၈ ရက်နေ့အထိ စာရင်းကောက်ကြည့်တာ ကျွဲက ၁၃၆ ကောင်သေတယ်။ နွားက ၉ ကောင် သေတယ်။ ဒါမျိုး ကျနော်တို့ဆီမှာ အရင်က တခါမှ မကြုံဖူးဘူး  ဘာကြောင့်ဖြစ်လဲတော့ မသိဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ မေလက ကျနော်တို့အရပ်မှာ တအားပူတယ်လေ  မိုးလည်းမရွာဘူး ပူလွန်းလို့ ဖြစ်တယ်ပဲ ခန့်မှန်းတယ်။ အဲဒါကြောင့် ရှမ်းရိုးရာ ဖြေဆေး၊ အပူငြိမ်းဆေး နဲ့ ဘိန်းမည်း စပ်ပြီး တိုက်တာ တချို့လည်း သက်သာတယ်။”

မိုင်းကျက်အုပ်စုထဲမှာ ရွာပေါင်း ၁၃ ရွာရှိတဲ့အနက် ကျွဲနွား မသေတဲ့ရွာမှာ ၄ ရွာသာရှိတယ်လို့လည်းသိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုး ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသား လွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းက ရွာသားတွေရဲ့တိုင်ကြားချက်ကို လက်ခံရရှိပြီး လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်တိရိစ္ဆာန်ကုသရေးဌာနကို အကြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်လည်း သိသိချင်း သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့တယ်၊ သူတို့က ဒီသတင်းကြားတော့ လန့်သွားတာပေါ့နော်၊ ဒီလောက်အများကြီးသေတာ စောစောကတည်းက ဘာလို့အကြောင်းမကြားလဲပေါ့။ သူတို့ရွာက မြို့နဲ့ဝေး၊ လမ်းပန်းဆက်သွယ်ရေးလည်းခက်၊ဖုန်း လိုင်း လည်းမရှိ ဆိုတော့ နောက်ကျမှသိရတယ်လို့ ကျနော်ပြောတယ်လေ။  ဒီလို ဝေးလံဒေသ က လူတွေအတွက် ဆက်သွယ်ရေး အဆင်ပြေအောင်လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်ခင်ဗျ။ ကျေန်ာတို့ ပါတီကလည်း အဲဒီရွာကို သွားဖို့ လုပ်နေပါတယ်”   

တောင်သူတွေ အဓိကအားထားရာ ကျွဲနွားတွေ ခုလိုသေဆုံးရတာကြောင့် လယ်ယာ စိုက်ပျိုးရေးလည်း ထိခိုက်မှုရှိကြောင်း၊ သူတို့ရွာဟာ မြို့နဲ့ဝေးတာကြောင့် ခလရ ၃၆၈ စစ်တပ်ကို အကြောင်းကြားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဓာတ်ပုံ- Tai Tv Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013