DVB Logo
Home
မြန်မာသတင်း
ရေပူဂိတ်​တွင်​ သစ်​ကား၂ စီးနှင့် စားသုံးရန်​မသင့်သည့် အစားအ​သောက်​များ ဖမ်းမိ
DVB
·
June 14, 2017
ရေပူဂိတ်​တွင်​ သစ်​ကား၂ စီးနှင့် စားသုံးရန်​မသင့်သည့် အစားအ​သောက်​များ ဖမ်းမိ
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုး-သန္နီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့ တရက်တည်း သစ်သယ်ဆောင်လာတဲ့ ကား ၂ စီးနဲ့ စားသုံးရန်မသင့်တဲ့ စားသောက်ကုန် သယ်ဆောင်လာတဲ့ ကား ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ရေပူအကောက်ခွန် ဒုညွှန်ကြားရေးမှူး ဦးဆက်ထွန်းအောင်က “သစ်ကတော့ ဒီနေ့ ၁၂ နာရီ တကြိမ်၊ ၁ နာရီမှာ တကြိမ်၊ ၂ စီး ဖမ်းဆီးရမိတယ်။ သိပ်တော့ မများဘူး ပြောရမယ်။ တစီးကို ၁ တန်လောက်တော့ ရှိမယ်။ သစ်တွေကလည်း ပါကေးတွေလေ။ ကားကလည်း အကြီးစားတွေ မဟုတ်ဘူး။ တစီးဆိုရင် အချိုရည်နဲ့ အုပ်ပြီးတော့ သယ်လာတာ။ စားသောက်ကုန်ကတော့ ၁၁ နာရီခွဲလောက်မှာ မိတာ။ အဲဒါလည်း သိပ်မများဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်နဲ့ စားသသောက်ကုန်တွေကို စစ်ဆေးပြီး အကောက်ခွန်ဌာနကို လွှဲအပ်မှာဖြစ်ပါတယ်။ အဲဒီကမှ မီးရှို့သင့်တာကို မီးရှို့ပြီး လေလံတင်သင့်တာကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ကားပေါ်မှာ ပါလာတဲ့ ကားသမား ၃ ဦးကိုလည်း သန္နီရဲစခန်းကို အပ်နှံထားတယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

ရေပူဂိတ်မှာ လက်ရှိ ဖမ်းဆီးရမိတဲ့ အများဆုံး ပစ္စည်တွေဟာ သစ်နဲ့ ကျောက်စိမ်း ဖြစ်တယ်လို့ သိရပါတယ်။

“ခုတလော ဦးလေးတို့ ဖမ်းတာ အကြီးစားတွေ မမိတော့ဘူး။ အောက်မှာ သီပေါတို့ ကျောက်မဲတို့လည်း တအားဖမ်းနေတော့ ဦးလေးတို့ဆီ ရောက်မလာတော့ဘူး။ အသေးလေးတွေပဲ ရောက်လာတယ်။ သစ်ကတော့ ဖမ်းဆီးမှု ခု ကျတယ်လို့တော့ ပြောလို့ရတယ်” လို့ ဦးတက်ထွန်းအောင်က ဆက်ပြောပါတယ်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ မေလအထိ ဖမ်းဆီးရမိတဲ့ တရားမဝင် ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း ၅ သောင်းကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နိုင်နိုင်၊ ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013