DVB Logo
Home
မြန်မာသတင်း
စားသုံးသူများ၏ နစ်နာမှုများ တိုင်ကြားနိုင်ရန် မိုဘိုင်းအပလီကေးရှင်း စတင်မိတ်ဆက်
DVB
·
June 14, 2017
စားသုံးသူများ၏ နစ်နာမှုများ တိုင်ကြားနိုင်ရန် မိုဘိုင်းအပလီကေးရှင်း စတင်မိတ်ဆက်
Donate to DVB

 

စားသုံးသူတွေရဲ့ နစ်နာမှုတွေကို တိုင်ကြားနိုင်ဖို့ အွန်လိုင်းနဲ့ မိုဘိုင်းအပလီကေးရှင်း ၂ ခုကို မြန်မာစားသုံးသူများသမဂ္ဂက စတင်မိတ်ဆက်လိုက်ပါတယ်။

မြန်မာစားသုံးသူများသမဂ္ဂလို့ ခေါ်တဲ့ Myanmar Cosumer Union အပလီကေးရှင်းကို google play က အခမဲ့ download ရယူတာနဲ့ အင်တာနက်က Myanmar Cosumer Union ဝက်ဆိုက် စာမျက်နှာကို ဝင်ရောက်ပြီး တိုင်ကြားတာ ၂ မျိုးကို ပြုလုပ်ပေးဖို့ ပြည်သူတွေကို မိတ်ဆက်ဖိတ်ခေါ်ထားပါတယ်။

မတရား၊ မရိုးသားတဲ့ ရောင်းချမှုတွေ၊ ဝန်ဆောင်မှုတွေကို စားသုံးသူတွေဘက်က များများ ဖော်ထုတ်တိုင်ကြားမယ်ဆိုရင် စားသုံးသူရပိုင်ခွင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီတိုင်ကြားမှုတွေကို မြန်မာစားသုံးသူများသမဂ္ဂက ကြားဝင်ဖြေရှင်းတာမျိုး မပြုလုပ်ဘဲ ဖြေရှင်းပေးမယ့် ဌာနဆိုင်ရာတွေထိ ရောက်အောင်၊ တိုင်ကြားချက်တွေကို ပိုပြီးထိရောက်မြန်ဆန်အောင် ကြားဝင်ကူညီလုပ်ဆောင်တာသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကျေနပ်ချက်တွေကို တိုင်ကြားနိုင်ဖို့ စင်တာတွေ ရှိနေပေမယ့်လည်း စားသုံးသူ အငြင်းပွားမှုပြဿနာတွေကို အွန်လိုင်းကနေ အမြန်တိုင်ကြားဖို့ မရှိသေးတာကြောင့် မြန်မာစားသုံးသူများသမဂ္ဂကနေ ဒီစနစ်ကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013