DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
June 14, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နားခါကျေးရွာ ချောင်းအတွင်း အမျိုးသားတဦး ရေနစ်သေဆုံးမှု ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

ဇွန်လ ၁၄ ရက် မနက် ၆ နာရီအချိန် အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်စိုးနိုင်အောင် တာဝန်မှူးတာဝန် ဆောင်ရွက်နေချိန် နားခါကျေးရွာ၊ အနောက်ဘက် နားခါချောင်းအတွင်း အမျိုးသားတဦး ရေနစ် သေဆုံးနေတယ်လို့ သတင်းအရ သက်သေတွေနဲ့အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ချောင်းအတွင်း ရေနစ်သေဆုံးသူမှာ နားခါကျေးရွာမှာ နေထိုင်သူ နိုင်စိုး(၃၄-နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

အလောင်းကို စစ်ဆေးရာ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရှိရဘဲ ရေထဲတွင် ရေနစ် သေဆုံးနေသည်ကို တွေ့ရသဖြင့် ရဲဆေးစာနဲ့ အင်းတော်ပြည်သူ့ဆေးရုံကို ပို့ပြီး နိုင်စိုးဟာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးပေးဖို့ ရဲအုပ်စိုးနိုင်အောင်က တိုင်ကြားထားတဲ့အမှု ဖြစ်တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

နားခါကျေးရွာနေသူ ကိုမောင်မြင့်က “အရက်သောက်စားပြီး ရေချိုးမလို့ ဆင်းမယ်အကြံမှာ ဇောက်ထိုးပြုတ်ကျပြီး ဖြစ်သွားတာပါ။ ရွာလယ်ကောင်မှာ အရက်မူးပြီး သောင်းကျန်းတာမျိုးတော့ မရှိပါဘူး။ အရက်ကတော့ သောက်တယ်” လို့ ဆိုပါတယ်။

နားခါကျေးရွာနေ နိုင်စိုး(၃၄-နှစ်) သေဆုံးမှုကို အင်းတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်၇/၂၀၁၇ နဲ့ အမှုဖွင့် အရေယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013