DVB Logo
Home
မြန်မာသတင်း
ဒိတ်လွန်ဆေးဝါးနှင့် မှတ်ပုံတင်မဲ့ ဆေးဝါးရောင်းချမှု စတင်အရေးယူတော့မည်
DVB
·
June 14, 2017
Donate to DVB

ကလေးမြို့ ဆေးဆိုင်တွေမှာ ဒိတ်လွန်ဆေးဝါးတွေနဲ့ မှတ်ပုံတင်မရှိတဲ့ ဆေးဝါးတွေ ရောင်းချတာ တွေ့ခဲ့ရင် အရေးယူခြင်းတွေ ပြုလုပ်တော့မယ်လို့ ကလေးမြို့နယ် ကျန်းမာရေးမှူး ဦးဟောက်က ပြောပါတယ်။

“ပညာပေးကာလကို ခုကျော်နေပြီ။ ဆိုင်တွေ လိုက်စစ်ရင်း တခါတည်း ပညာပေးတယ်။ စစ်ဆေးတာ ၃ ခါရှိပြီ။ နောက်ဆိုရင် ဒီလို ဆေးတွေ ရောင်းတာကို အရေးယူမှု ပြုလုပ်တော့မယ်။”

ကလေးမြို့မှာ ဆေးဝါးရောင်းချတဲ့ ဆေးဆိုင်ပေါင်း ၅၀ ကျော်ရှိနေပြီး ဆေးဆိုင်တွေကို စားသုံးသူ ကာကွယ်ရေးနဲ့ ကျန်းမာရေးဌာနတို့ ပူးပေါင်းစစ်ဆေးမှု သုံးကြိမ်ရှိပြီလို့လည်း သိရပါတယ်။

“ပထမအကြိမ်တွေမှာ အဲဒီလို ဆေးဝါးတွေ တွေ့တာနဲ့ သိမ်းဆည်းတယ်။ ဒါတွေကို စနစ်တကျ ဖျက်ဆီးမယ်။ Metro တို့လိုဆေးတွေ ဒိတ်အောက်နေတာ များတယ်။ ဖျက်ဆီးဖို့ အများကြီးရှိတယ်။ နောက်ပြီး စပ်ဆေးလို့ခေါ်တဲ့ ဆေးဝါးတွေကို တခါတည်း အိပ်နဲ့ထုပ် အသင့်ရောင်းတာရှိတယ်။ ဒါတွေကျတော့ ဘူးနဲ့ မဟုတ်လို့ ဒိတ်စစ်ဖို့ ခက်တာကြောင့် မရောင်းဖို့ တားထားတယ်” လို့လည်း ဦးဟောက်က ဆိုပါတယ်။

လတ်တလောမှာတော့ ဆေးဆိုင်တွေကိုသာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အစားအသောက် ကုန်ပစ္စည်းတွေကိုလည်း မကြာခင် စစ်ဆေးသွားဖို့ အစီအစဉ်ရှိနေပြီး အရေးယူမှုတွေကိုတော့ ဆေးဝါးနဲ့ အစားအသောက်ကာကွယ်ရေးကပဲ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဌာနက သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013