DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအား ပိုမိုအလုပ်ခန့်သည့်ကုမ္ပဏီများကို အခွန်လျော့ကောက်မည်
DVB
·
June 14, 2017
မသန်စွမ်းသူများအား ပိုမိုအလုပ်ခန့်သည့်ကုမ္ပဏီများကို အခွန်လျော့ကောက်မည်
Donate to DVB

 

ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေခန့်ထားရာမှာ မသန်စွမ်းသူတွေကို သတ်မှတ်အရေ အတွက်ထက် ပိုပြီးခန့်ထားရင် အခွန်လျော့ကောက်မယ်လို့ လူမှုဝန်ထမ်း၊ ကွယ်ဆယ်ရေးနဲ့ ပြန်လည်ရာချထားရေးဌာန  ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးကပြောပါတယ်။

ဇွန် ၁၃ ရက် ပြည်သူ့လွှတ်တော်မှာ ကျောက်တန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်က မသန်စွမ်းတွေ လုပ်ငန်းခွင်ခန့်ထားမှု သက်မှတ်ချက်နဲ့ ဒီလိုခန့်ထားတဲ့ လုပ်ငန်းတွေကို အခွန်လျော့ ထမ်းဆောင်စေဖို့ အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ဝန်ထမ်း ခန့်ထားနိုင်မှု ဦးရေရဲ့ ၂ ရာခိုင်နှုန်းကို မသန်စွမ်းတွေခန့်အပ်ဖို့နဲ့ ၂ ရာခိုင်နှုန်းထက် ကျော်လွန်ခန့်အပ်တဲ့ ကုမ္ပဏီတွေကိုတော့ ကျော်လွန် ခန့်အပ်တဲ့ မသန်စွမ်းအရေ အတွက်အလိုက် အခွန်လျော့ကောက်သွားမယ်လို့ ဖြေဆိုခဲ့ပါတယ်။

“မသန်စွမ်းသူတွေကို အလုပ်အကိုင်ခန့်ထားပေးတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေဟာ သတ်မှတ်ထားတဲ့ ဝေပုံကျနှုန်းထားထက်ပိုပြီး အလုပ်ခန့်ထားပေးရင် ပိုခန့်ထားတဲ့ အသန်စွမ်းဦးရေအလိုက် အခွန်လျော့ပေါ့ခွင့်ရရှိဖို့ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေမှာ ပြဌာန်းထားပါတယ်။’’

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအတွင်းက ကုမ္ပဏီအချို့နဲ့ ဝန်ကြီးဌာနတွေမှာ မသန်စွမ်းသူတွေကို လုပ်ငန်းခွင်မှာ ခန့်ထားအသုံးပြုတာရှိနေပေမယ့် သတ်မှတ်နှုန်းထား ပြည့်မှီခြင်းတော့ မရှိသေးပါဘူး။

အလားတူ အခွန်ကောက်ခံနှုန်းမှာလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူး လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“မသန်စွမ်းသူတွေကို အလုပ်ခန့်ထားပေးတဲ့ ကုမ္ပဏီတွေကို အခွန်လျော့ပေါ့ ထမ်းဆောင်စေတဲ့ အစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖြေကြားထာပါတယ်။ မသန်စွန်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းပြီးရင်တော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းတွေကို အလုပ်ခန့်ထားပေးတဲ့ ကုမ္ပဏီတွေကို အခွန်လျော့ပေါ့ ထမ်းဆောင်စေခြင်းကို ဆောင်ရွက်ပေးဖို့ တိုက်တွန်းသွားမယ်။”

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ရေးဆွဲ ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ဥပဒေပါ စည်းကမ်းချက်တွေအတိုင်း အဖြစ်မနေလုပ်ဆောင်ဖို့ သက်မှတ်ဆောင်ရွက်မယ် ဆိုပါက ပြည်တွင်း/ ပြည်ပကုမ္ပဏီတွေအနေနဲ့ မူဝါဒအသစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အချိန်ကာလတစ်ခုသက်မှတ်ပြီး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှ အဆင်ပြေမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013