DVB Logo
Home
မြန်မာသတင်း
တိုကျိုရုပ်ရှင်ပွဲတော်တွင် ဇာတ်လမ်းတိုရုပ်ရှင် အမြင့်ဆုံး Grand Prix ဆု မြန်မာလူငယ် ဆွတ်ခူး
DVB
·
June 14, 2017
တိုကျိုရုပ်ရှင်ပွဲတော်တွင် ဇာတ်လမ်းတိုရုပ်ရှင် အမြင့်ဆုံး Grand Prix ဆု  မြန်မာလူငယ် ဆွတ်ခူး
Donate to DVB

 

အာရှရဲ့ အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ SSFF & ASIA ဇာတ်လမ်းတို ရုပ်ရှင်ပွဲတော်ကို တိုကျိုမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေပြီး မြန်မာအမျိုးသမီးလူငယ်ဒါရိုက်တာ မီမီလွင်ရဲ့ Sugar & Spice ဇာတ်လမ်းတို ရုပ်ရှင်ဇာတ်ကားက အမြင့်ဆုံးGrand Prixဆုအပါအ၀င်Asia International Competition (Best short award) နဲ့ တိုကျိုမြို့တော်ဝန်ရဲ့ အထူးဆု Asia International Competition (Governor of Tokyo Award) ကိုလည်း ပူးတွဲရရှိခဲ့ပါတယ်။

အဆိုပါဆုကို ရရှိတဲ့အတွက် နောင်နှစ် အမေရိကန် နိုင်ငံတကာရုပ်ရှင် အကယ်ဒမီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင်အဖြစ်လည်း သတ်မှတ်ခြင်း ခံရပါတယ်။

နိုင်ငံပေါင်း ၁၄၀ ကျော်မှ ပေးပို့တဲ့ ရုပ်ရှင်ဇာတ်ကား ၉ ထောင်ကျော်မှ ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆုပေးပွဲ ရွေးချယ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့သူ လူငယ်ဒါရိုက်တာ မီမီလွင်က “ဒီဆု လက်ခံရရှိခဲ့တဲ့အချိန်မှာ မိဘနှစ်ပါးရဲ့ ကျေးဇူးနဲ့ သမီးရဲ့ လက်ရာကို အသိအမှတ်ပြုတယ်လို့ ခံစားရတဲ့အတွက် အရင်ကထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုလည်း ရှိလာပါတယ်။ ရှေ့ဆက်မယ့် အနာဂတ်အတွက်လည်း အားအင်တွေ ရပါတယ်။ နောက်ထပ်လည်း ကိုယ့် မြန်မာနိုင်ငံက စိတ်ဝင်စားစရာ အကြောင်းအရာတွေ လူတွေ သတိမထားမိတဲ့ မြန်မာပြည်က လူတွေအကြောင်းလေးတွေကို ရုပ်ရှင်တွေအနေနဲ့ ဖန်တီးပြီး အားလုံးနဲ့ မျှဝေချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

ဇာတ်လမ်းက သမီးရဲ့ အဖေနဲ့အမေ ထန်းတက် ထန်းလျက်ချက်ရင်း အသက်မွေးဝမ်းကျောင်းပြုတာပါ။ အဲဒီလို နေ့စဉ်ဘဝမှာ ကြုံလာတဲ့ အဆင်မပြေမှုတွေကို သူတို့ အတူ ဘယ်လို ဖြေရှင်းကြတယ် ဆိုတာတွေ တမိုးတည်းအောက်မှာနေတဲ့ လင်မယား နှစ်ယောက်ရဲ့ မတူကွဲပြားတာတွေ စတဲ့ အကြောင်းအရာတွေ ပါတယ်လို့ ဆုရဇာတ်ကားနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းကို ရွေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အဖေနဲ့ အမေ ဖြတ်သန်းနေတဲ့ ပုံစံက သမီးတို့နိုင်ငံကို အတိုင်းအတာတခုထိ reflection ဖြစ်တယ်လို့ ခံစားမိတယ်။ လူတွေရဲ နေ့စဉ်ဘဝ ပင်ပင်ပန်းပန်း ရုန်းကန်နေကြရတာတွေ နောက် တနိုင်ငံတည်းမှာပဲ အမြင်မတူ ခံယူချက် ကွဲပြားတဲ့လူတွေ အတူတူ နေထိုင်ကြတာ ဆိုတာကို ပြချင်တာပါလို့လည်း ဒီဗွီဘီကို ဆိုခဲ့ပါသေးတယ်။

လူငယ်ဒါရိုက်တာ မီမီလွင်ရဲ့ Sugar & Spice ဇာတ်လမ်းတို ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံက ထင်ရှားတဲ့ ဝဿန်ရုပ်ရှင်ပွဲတော် Southeast Asia Best Documentary Award နဲ့ အင်္ဂလန်နိုင်ငံက Cambridge က Best Documentary Award (the Watersprite film festival) ကိုလည်း ဆွတ်ခူးထားတာလည်းဖြစ်ပြီး တိုကျိုမြို့မှာ ၂၉ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013