DVB Logo
Home
မြန်မာသတင်း
လူ ၅ ဦးထံမှ ငွေအတု ၁၇၃ သိန်း ကျိုက်ထိုတွင် ဖမ်းဆီးရမိ
DVB
·
June 14, 2017
လူ ၅ ဦးထံမှ ငွေအတု ၁၇၃ သိန်း ကျိုက်ထိုတွင် ဖမ်းဆီးရမိ
1 / 2
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်းရှိ ဈေးဆိုင်များတွင် ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ငွေစက္ကူအတုနဲ့ ပစ္စည်းတွေ လိုက်လံဝယ်ယူသူ ၅ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ငွေတု ၁၇၃ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုမြို့မရဲစခန်းက ပြောပါတယ်။

ကျိုက်ထိုမြို့ဈေးနဲ့ လမ်းရှိဆိုင်တွေမှာ ကားတစီးနဲ့ လူ ၅ ဦးဟာ ငွေတုတွေနဲ့ ဈေးလိုက်ဝယ်နေတဲ့သတင်းအရ သိမ်ဇရပ်နယ်မြေစခန်းမှူးတပ်ဖွဲ့ဝင်တွေနဲ့ ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားအနီးမှာ ပိတ်ဆို့ရှာဖွေချိန် စစ်တောင်းတံတား မုပ္ပလင်ကျေးရွာအနီး ထမင်းဆိုင်မှာ သတင်းရထားတဲ့ ပရိုဘောက်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်ပါ ဇော်နိုင်အေး၊ အေးရွှေ၊ မြင့်ဇော်ဦး၊ မျိုးမင်းသူ၊ စိုးသက်လွင်တို့ ၅ ဦးကို တွေ့ရှိပြီး စစ်ဆေးရာ အဝတ်အစားအိတ်တွေနဲ့အတူ ပိုက်ဆံအိတ်တွေထဲက ငွေစက္ကူအတုတွေ တွေ့ရှိခဲ့တာပါ။

ကျိုက်ထိုမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင်က “ကျိုက်ထိုမြို့နယ် တရားရုံးရှေ့မှာ ရှိတဲ့ သစ်သီးတန်းတွေမှာ ကားတစ်စီးနဲ့ လူ ၅ ဦးကနေ ငွေတစ်သောင်းတန် အတုတွေနဲ့ တဆိုင်ဝင်တဆိုင်ထွက်လိုက်ဝယ်တာ။ အဲဆိုင်တန်းက ဖုန်းဆက် အကြောင်းကြားရာ ကနေ ပုံစံတွေနဲ့ သူတို့စီးလာတဲ့ကားကို မေးမြန်းပြီး လိုက်လံဖမ်းဆီးတာ မုပ္ပလင်ကျေးရွာနားမှာ ဖမ်းမိတာပါ။ စစ်ဆေးတော့ ငွေတုတွေဖမ်းမိတာပါ။ သူတို့တွေက မြဝတီဘက်ကဆင်းလာတာ သူတို့ဆီက ပါလာတဲ့ ငွေတုတွေကို ဝယ်လာတာလို့ သိရတယ်''လို့ ပြောပါတယ်။

ငွေစက္ကူအတုလို့ ယူဆရတဲ့ ၁၀၀၀၀ ကျပ်တန် တအုပ်မှာ ၁၀၀ ရွက်ပါ ၁၅ အုပ်နဲ့ ၃၀ ရွက်၊ ၅၀၀၀ ကျပ်တန် ၁၀၀ ရွက်ပါ ၄ အုပ် စုစုပေါင်း ငွေစက္ကူတု ၁၇၃ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းက ငွေစက္ကူအတု ပြုလုပ်ပြီး လက်ဝယ်ထားရှိသူ ၅ ဦးကို ပ ၁၃၆/ ၂၀၁၇၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း = ယူမင်းစိုး၊ ဓာတ်ပုံ = ရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013