ရန်ကုန်ဆိပ်ကမ်းက ရာသီပေါ်သီးနှံရောင်းချသည့် ရေပေါ်ရွှေ့ပြောင်းဈေးသည်များ (ဓာတ်ပုံ)
DVB
·
June 14, 2017

1 / 8
ရန်ကုန် အနီးတဝိုက် ကော့မှူး၊ တွံတေး စတဲ့ နယ်ဘက်က ရွှေ့ပြောင်းဈေးသည်တွေဟာ ရာသီပေါ်သီးနှံတွေကို လှေတွေနဲ့ သယ်ဆောင်ကာ မြစ်ထဲသွားလာနေတဲ့ သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေမှာ လိုက်လံရောင်းချနေကြပါတယ်။
ဒီလှေတွေဟာ နေခင်းဘက်မှာ ဈေးရောင်းချပြီး ညဘက်ရောက်ရင်တော့ မြစ်ရေပြင်မှာ ကျောက်ချရပ်နားလို့ ဒါမှမဟုတ် နီးစပ်ရာ ဆိပ်ကမ်းမှာ နားနေကာ လှေပေါ်မှာပဲ ချက်ပြုတ်စားသောက်လေ့ ရှိကြတာပါ။
သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်










