
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၁၃,၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၈၆၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ၁ တန်ကို ၃၈,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၆၃၅,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၉၂၅ ကနေ ၁၂၅၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁၈၅၀ ပေါက်ဈေးရှိပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီေးတာ့ ဒီနေ့ ပေါက်ဈေးက တော့ ငွေကျပ် ၂၅၀ ကနေ ၅၉၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
မြေထောက်ပဲ
မန္တလေး ကုန်စည်ဒိုင်မှာတော့ မြေထောက်ပဲက ၁ အိတ်ကို ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၈၃၀ ပေါက်ဈေးရှိနေပြီး ၁ ပိ ဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
စိန်တစ်လုံးသရက်သီး
မူဆယ် ကုန်စည်ဒိုင်မှာတာ့ စိန်တစ်လုံး သရက်သီးက ၁ ခြင်းကို ငွေကျပ် ၁၃,၅၀၀ ကနေ ၂၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











