DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်း မိုးကြီးမြေပြိုအန္တရာယ် မိုးဇလ သတိပေးချက်ထုတ်ပြန်
DVB
·
June 13, 2017
ရခိုင်ပြည်နယ်တွင်း မိုးကြီးမြေပြိုအန္တရာယ် မိုးဇလ သတိပေးချက်ထုတ်ပြန်
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ် အကြွင်းအကျန် တိမ်တိုက် တွေနဲ့ ရခိုင်ကမ်းရိုးတန်းဒေသမှာ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်း နေတာ ကြောင့်  နောက် ၇၂ နာရီအတွင်း ရခိုင်ပြည်နယ်မှာ မိုးဆက်လက်ကြီး နေမယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ရခိုင်ပြည်နယ်အတွင်း မိုး ဆက်လက်ကြီးနေမှာဖြစ်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကို သတိထား ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြစ်ငယ်ချောင်းငယ်များအနီး နေထိုင်ကြသူများအနေနဲ့ မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်တာကို သတိပြုဖို့နဲ့  ကမ်းရိုးတန်းအနီး နေထိုင်သူတွေအနေနဲ့လည်း မိုးထစ်ချုန်း လေပြင်းတိုက်ခတ်နိုင်တာကို ကြိုတင်သတိပြုကြဖို့လည်း မိုးဇလက အကြံပြုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013