DVB Logo
Home
မြန်မာသတင်း
ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံ​ရေး​ပါတီများ​နှင့်​ ​တွေ့​ဆုံ
DVB
·
February 14, 2012
ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံ​ရေး​ပါတီများ​နှင့်​ ​တွေ့​ဆုံ
Donate to DVB

ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင် ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​တင်​အေး​ဟာ နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

[caption id="attachment_21224" align="alignleft" width="300" caption="ဦးတင်အေး"][/caption]

ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီက တာဝန်ရှိသူ​တွေနဲ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​တို့​ ​နေပြည်​တော်မှာ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ကြတာပါ။

တွေ့​ဆုံရတဲ့​ အ​ကြောင်း​က​တော့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရှိလာမယ့်​ အခက်အခဲ​တွေကို လွတ်လွတ်လပ်လပ် ​ဆွေး​နွေး​ကြတာလို့​ ​တွေ့​ဆုံပွဲမှာ ပါဝင်ခဲ့​တဲ့​ မြန်မာအမျိုး​သား​ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦး​ကောင်း​မြင့်​ထွဋ်က ​ပြောပါတယ်။

“ကျ​နော်က ကျ​နော့်​ရဲ့​ မြန်မာအမျိုး​သား​ ကွန်ဂရက်ပါတီအ​နေနဲ့​ ​ပြောတဲ့​ အချက်အလက်​တွေ ရှိတယ်။ ကျ​နော် မှတ်ချက်ထုတ်ထား​တာအရ ​ပြောရင်​တော့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တရား​မဲ့​ပြုကျင့်​မှု​တွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဘယ်လို ကာကွယ်ကြမလဲ။ ဘယ်လို ​ဖြေရှင်း​ကြမလဲ​ပေါ့​။ အဲဒါအ​ရေး​ကြီး​တဲ့​ ကိစ္စတခုပါ။ မဲလိမ်၊​မဲခိုး​တာ​တွေ​ပေါ့​။ တရား​မဲ့​ ပြုကျင့်​တာ​တွေ​ပေါ့​။ အဲဒါကို ​ကော်မရှင်ဥက္ကဋ္ဌ ဦး​တင်​အေး​ပြောတာ​တွေ အများ​ကြီး​ထဲက အဓိကကျတဲ့​ အချက်အလက် တခုက​တော့​ ကျ​နော် မှတ်ထား​တယ်။ မှတ်တမ်း​ မှတ်ရာနဲ့​သာ ကန့်​ကွက်ပါတဲ့​။ ကျ​နော် အ​ရေး​ယူပါမယ်လို့​ ဆိုပြီး​တော့​ ​ကော်မရှင်ဥက္ကဋ္ဌက​တော့​ ပြတ်ပြတ်သား​သား​ ​ပြောသွား​ပါတယ်။”

ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​က​တော့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ချို့​ယွင်း​ချက်​တွေ ရှိတာကိုလည်း​ ဝန်ခံ​ပြောဆိုသွား​တယ်လို့​ သူက ဆက်​ပြောပါတယ်။

“သူက ၂၀၁၀ မှာ ဖြစ်ခဲ့​တဲ့​ ဖြစ်ရပ်​တွေနဲ့​ ပတ်သက်လို့​ သူက မငြင်း​ပါဘူး​။ ၂၀၁၀ မှာ အဖြစ်အပျက်​တွေ အမျိုး​မျိုး​ ဖြစ်ခဲ့​တယ်။ ပါတီအသီး​သီး​ကလည်း​ တင်ပြကြတယ်။ ဒါကိုသူက အငြင်း​အခုန် မလုပ်ပါဘူး​။ ဒါ​ပေမယ့်​ ဖြစ်နိုင်​ချေ ရှိတာ​လေး​တွေ​တော့​ သူ​ပြောပါတယ်။ ဥပမာ - ၂၀၁၀ ​ရွေး​ကောက်ပွဲမှာတုန်း​က ပြည်သူ​တွေ တ​နေ့​တည်း​မှာတင် ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်၊​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်လွှတ်​တော် စသည်အား​ဖြင့်​ တချို့​နေရာ​တွေမှာဆိုရင် တိုင်း​ရင်း​သား​လူမျိုး​စု​ရေး​ရာ၊​ အဲဒါ​တွေကို တပြိုင်နက်တည်း​ မဲ​ပေး​ရတယ်။ အချိန်မလုံ​လောက်မှု၊​ ချို့​ယွင်း​ချက်​တွေ ​တော်​တော်များ​များ​ ရှိတယ်။ အဲဒါအ​ပေါ်မှာ နား​လည်မှု​တွေ လွဲမှား​ပြီး​ ဟသွား​တဲ့​အချက်​တွေ ရှိနိုင်တယ်​ပေါ့​။ ဒါကို​တော့​ သူ​ပြောပါတယ်။ အဲဒီ​တော့​ အခုလာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​တော့​ တရား​မဲ့​ ပြုကျင့်​မှု​တွေ မဖြစ်ရ​အောင် အစွမ်း​ကုန် ကြိုး​ပမ်း​ ​ဆောင်ရွက်သွား​မယ် ဆိုတာကို အတည်ပြု ​ပြောပါတယ်။”

ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီကလည်း​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ လွတ်လပ်တဲ့​ ​စောင့်​ကြည့်​ရေး​အဖွဲ့​တွေရှိဖို့​ တင်ပြချက်ကို အမျိုး​သား​ ဒီမိုက​ရေစီပါတီသစ်ကလည်း​ ​ထောက်ခံခဲ့​တယ်လို့​ ပါတီရဲ့​ ဥက္ကဋ္ဌ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ ဒု-ဥက္ကဋ္ဌ ဦး​စိုး​ဝင်း​ကလည်း​ လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ ကြိုတင်မဲစာရင်း​တွေကို လွတ်လပ်စွာ ကူး​ယူနိုင်ဖို့​ကိုလည်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ အခုလို ​ပြောပါတယ်။

“ကြိုတင်မဲစာရင်း​ကို အခမဲ့​ ကိုယ့်​ဘာသာကိုယ် ကူး​ယူ​ပေါ့​ဗျာ။ လွှတ်​တော်ကိုယ်စား​လှယ်ကို တစုံ ကူး​ယူခွင့်​ ​ပေး​မယ်တဲ့​။ ကျန်တဲ့​သူက ကူး​ချင်ရင်​တော့​ တရား​ဝင် ဘာ​ကြောင့်​ ကူး​ယူချင်ပါတယ်ဆိုတဲ့​ အ​ကြောင်း​ပြချက် ​လျှောက်လွာနဲ့​ဆိုရင် တမျက်နှာကို ၂၀၀ နဲ့​ ကူး​ယူခွင့်​ပြုမယ်။ ကြိုတင်မဲ​တွေကို ကျ​နော်တို့​ ဘယ်အချိန်​နောက်ဆုံး​ သတ်မှတ်​ပေး​မယ် ဆိုတဲ့​ဟာက​တော့​ ကြိုတင်မဲ​တွေဟာ ​ရွေး​ကောက်ပွဲ နယ်​မြေအတွင်း​မှာ ရှိတဲ့​ ကြိုတင်မဲ​တွေက​တော့​ မနက် ၆ နာရီ မဲရုံ မဖွင့်​ခင်ကတည်း​က မဲရုံမှူး​ဆီကို ​ရောက်ပြီး​သား​ ဖြစ်ရမယ်။ အဲဒီ့​ ​နောက်ပိုင်း​မှာ မဲဆန္ဒနယ်​မြေထဲမှာ ရှိတဲ့​ ကြိုတင်မဲဆိုရင် ဒါကြီး​ကို ထည့်​ရေတွက်စရာ မလို​တော့​ဘူး​၊​ လက်ခံစရာ မလိုဘူး​။”

ဧပြီ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ အပါအဝင် နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီက လွှတ်​တော် ၃ ရပ်မှာ လစ်လပ်​နေတဲ့​ မဲဆန္ဒနယ် ၄၈ ​နေရာအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013