DVB Logo
Home
မြန်မာသတင်း
ရန်လိုမှုတွေပိုဖြစ်နိုင်သဖြင့် ကုလမစ်ရှင်အဖွဲ့ကို လက်မခံဟု ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း
DVB
·
June 13, 2017
ရန်လိုမှုတွေပိုဖြစ်နိုင်သဖြင့် ကုလမစ်ရှင်အဖွဲ့ကို လက်မခံဟု ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း
Donate to DVB

 

ကုလသမဂ္ဂရဲ့ အချက်အလက်ရှာစုံစမ်းရေးမစ်ရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ပိုကောင်းအောင် အထောက်အကူမဖြစ်စေတဲ့အပြင် မတူကွဲပြားတဲ့ အသိုင်းအ၀န်းတွေအကြား ရန်လိုမုန်းတီးမှုတွေပိုဖြစ်လာစေဖို့ ဖန်တီးရာရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ  တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင် ၀န်ကြီးချုပ် စတီဖန်လိုဗန်နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးပြီးနောက် ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောသွားတာပါ။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံက လက်မခံရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က “အသိုင်းအ၀န်းနှစ်ခုအကြား သဟဇာတရှိဖို့နဲ့ အပြန်အလှန် နားလည်မှုရှိရှိနေနိုင်ဖို့ ကျမတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ ဒေသရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ်လို့ မထင်သလို အသိုင်းဝိုင်း နှစ်ခုအကြား အချိန်တွေအကြာကြီးတည်ရှိနေတဲ့ စိုးရမ်ကြောက်၇ွံ့မှုတွေကို ဖျောက်ဖျက်ဖယ်ရှားေ ပေးနိုင်လိမ့်မယ် မထင်ပါဘူး”လို့ ဖြေကြားသွားပါတယ်။

ဒါ့အပြင် မစ္စတာ ဖီအာနန် ဦးဆောင်တဲ့  ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့နဲ့ ပတ်သက်ပြီးလည်း    စကတည်းက ပြစ်တင်ရှုတ်ချနေမယ့်အစား ကော်မရှင်အနေနဲ့ သူတို့ရဲ့ အလုပ်ကို ကောင်းကောင်းလုပ်တယ်၊ မလုပ်ဖူးဆိုတာကို ပြသနိုင်ဖို့ အခွင့်အရေးပေးသင့်တယ်လို့ လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခကြောင့်ရော သဘာဝဘေးအန္တရာယ်တွေကြောင့်ပါ  ရခိုင်ပြည်နယ်မှာသာမက မြန်မာပြည် တခြားနေရာတွေမှာလည်း အိုင်ဒီပီ ဒုက္ခသည်စခန်းတွေ ရှိနေတာဖြစ်တယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့  တခြားနေရာတွေထက်စာရင် ရခိုင်ကို ပိုပြီးစိတ်ဝင်စားနေတယ်၊ ရခိုင်တွေဟာလည်း လူနည်းစုတွေဖြစ်ပြီး တနိုင်ငံလုံးမှာရှိတဲ့  မွတ်စလင်ဦးရေထက်စာရင် ရခိုင်တိုင်းရင်းသားတွေရဲ့ အရည်အတွက်ဟာ နည်းပါးတယ်၊ နှစ်ဖက်စလုံးကို ဘက်မလိုက်ဘဲမျှမျှတ လုပ်ရမယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဆွီဒင် ၀န်ကြီးချုပ် စတီဖန် လိုဗန်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပညာရေး၊ ကျားမတန်းတူရေး၊ ကုန်သွယ်စီးပွားရေး၊ စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေး  နဲ့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ ၅ နှစ် အစီအစဉ်ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ စိန်ခေါ်မှုတွေအကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း၊ ပဋိပက္ခရဲ့ အခြေခံအကြောင်းရင်းတွေနဲ့ အမုန်းတရားပြောဆိုတာတွေကို ရပ်တန့်စေဖို့ ဘာသာပေါင်းစုံဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ကိစ္စတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ယူတာဝန်ခံမှုရှိဖို့နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်အကူအညီပေးဖို့ ကိစ္စတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ ၃ ဦးပါ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီဥက္ကဋ္ဌက ခန့်အပ်တာဝန်ပေးထားတာဖြစ်ပါတယ်။

ဒီအဖွဲ့အနေနဲ့ လာမယ့်စက်တင်ဘာလ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းဝေးမှာ နောက်ဆုံးအခြေအနေကို တင်ပြရမှာဖြစ်ပြီး ၂၀၁၈ မတ်လမှာ အစီအရင်ခံစာ အပြည့်အစုံတင်သွင်းရမှာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013