DVB Logo
Home
မြန်မာသတင်း
စင်ကာပူရောက် မြန်မာအမျိုးသမီး ၁၉ ထပ်တိုက်မှ ခုန်ချသေဆုံးသည့်ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့
DVB
·
June 13, 2017
စင်ကာပူရောက် မြန်မာအမျိုးသမီး ၁၉ ထပ်တိုက်မှ ခုန်ချသေဆုံးသည့်ရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့
Donate to DVB

စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးဟာ ၁၉ လွှာအမြင့်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတခုကနေ ခုန်ချသေဆုံးခဲ့ပြီး အဲဒီအဖြစ်အပျက်ကို ရိုက်ကူးထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူ ခုန်မချမီနဲ့ ခုန်ချအပြီး ရုပ်သံဗွီဒီယိုဖိုင်တွေဟာ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ စင်ကာပူရွှေဂျာနယ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ “၁၉ ထပ်မှ ခုန်ချသေဆုံးသွားသော ညီမလေးဟာ မြန်မာမိန်းကလေးဖြစ်ကြောင်း confirm ပါ... စင်ကာပူကယ်ဆယ်ရေးအဖွဲ့အနေနဲ့ အကယ်၍ တိုက်ပေါ်မှ ခုန်ချခဲ့လျှင် မသေနိုင်အောင် ပိုက်ကွန်၊ ရေမြှုပ်မွေ့ရာလိုမျိုး အရာတွေ အောက်မှာ နေရာအနှံ့ ခံထားပေမယ့် ညီမလေး ပြုတ်ကျသွားတဲ့နေရာမှာ ထိုအရာများ ခံထားလို့ မရသောကြောင့် ညီမလေး ကံဆိုးသွားရှာတယ်” လို့ ဖော်ပြခဲ့တာပါ။

စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့မှာ မြန်မာစကားပြန်တယောက်ပါရှိပြီး ခုန်မချဖို့ ၁ နာရီခွဲလောက် ညှိနှိုင်းခဲ့ပေမယ့် သူက လက်မခံဘဲ ခုန်ချသွားခဲ့တယ်လို့ အဲဒီစာမျက်နှာမှာပဲ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ရုပ်သံ - စင်ကာပူရွှေဂျာနယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013