DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ပြောင်းရွှေ့ရသူများကို ခြံမြေကွက်များ အခမဲ့ပေး
DVB
·
June 13, 2017
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ပြောင်းရွှေ့ရသူများကို ခြံမြေကွက်များ အခမဲ့ပေး
1 / 4
Donate to DVB

 

တိုက်ကြီးမြို့နယ် ပန်းတုန်းပိတ်ကျေးရွာ ကမ်းပါးပြိုပြီးပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု ၂၉ စုအတွက် အုပ်ချုပ်ရေး၊ ရပ်မိရပ်ဖမတွေ၊ လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ခြံမြေကွက်တွေကို အခမဲ့ပေးအပ် လှူဒါန်းခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ပန်းတုန်းပိတ်ကျေးရွာမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဧရာဝတီမြစ်ရေတိုက်စားပြီး ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စုတွေနဲ့ မြစ်ကမ်း ထိန်းသိမ်းရေးလုပ်ငန်းတွေကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု ၂၉ စုအတွက် အုပ်ချူပ်ရေး၊ ရပ်မိရပ်ဖတွေနဲ့ လူမူအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ခြံမြေ အလျားပေ ၅၀၊ အနံပေ ၃၀ တို့ကို အခမဲ့လှူဒါန်း နေရာချပေးတာကို ဇွန်လ ၄ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပန်းတုန်းပိ ကျေးရွာ အုပ်ချူပ်ရေးမှူးဦးနိုင်ဦးက ပြောပါတယ်။

“ကျနော်တို့ရွာမှာ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျပြီး အိမ်ထောင်စုတွေ ပြောင်းရွှေ့နေရတာကို ဘယ်ဌာနဆိုင်ရာကမှ ကူညီမူမရှိဘူး။ ဒါကြောင့် ကျနော်တို့ အုပ်ချုပ်ရေးပိုင်းရယ် ရပ်မိရပ်ဖတွေနဲ့ လူမူအဖွဲ့အစည်းတွေ ပူးပေါင်းတိုင်ပင်ပြီး လယ် ၅ ဧကကျော်သိန်း ၁၆၀၀ ပေးဝယ်ပြီး ခြံကွက်ရိုက် အိမ်ထောင်စု ၂၉ စုကို အခမဲ့ပေးတာပါ။ ဒါကလည်း မြို့နယ်ကိုတင်ပြီး လုပ်တာပါ။ ကျနော်အခုပေးတဲ့ ၂၉ စုက ၂၀၁၆ ခုနှစ် ၁၀ လပိုင်းက ကမ်းပါးပြိုတဲ့ မိသားစုတွေနဲ့ အခုရေကြောင်းထိန်းသိမ်းရေးက မြစ်ကမ်းပါးထိန်းသိမ်းရေးပြုလုပ်ပြီး ပြောင်းရွှေ့ပေးရတဲ့ အိမ်ထောင်စုတွေအတွက် အဓိကပေးတာပါ။ ကျန်တဲ့မြေကွက်တွေကိုတော့ ဝယ်ယူသူရှိရင် အသက်သာဆုံးဈေးနူန်းတွေနဲ့ ပြန်ရောင်းပေးပါတယ်။”

ရွာသားဦးတင်ဦးက “ကမ်းတွေပြိုလို့ နေစရာမရှိ ဘယ်သူမှ မကူညီတဲ့အချိန် မိုးရာသီ ရောက်ချိန်မှာ နေစရာမရှိ ဖြစ်နေချိန်မှာ အခုလို အုပ်ချုပ်ရေးပိုင်းနဲ့ ရပ်မိရပ်ဖတွေက အခုလို နေစရာပေးတော့ ကျေးဇူးတင်ပါတယ်။ ၀မ်းလည်းသာပါတယ်”လို့ ပြောပါတယ်။

သတင်း - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013