DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် ကျောင်းသားများလိုက်ပါလာသည့်စက်လှေ တိမ်းမှောက်
DVB
·
June 13, 2017
မင်းကင်းမြို့နယ်တွင် ကျောင်းသားများလိုက်ပါလာသည့်စက်လှေ တိမ်းမှောက်
Donate to DVB

 

မင်းကင်းမြို့နယ် ရွာဘကျေးရွာမှ ချင်းတွင်းမြစ်တဖက်ကမ်းရှိ ကြွေရွာကို ကျောင်းသွားတက်တဲ့ ကျောင်းသား ကလေးငယ်တွေ လိုက်ပါလာတဲ့ စက်လှေဟာ ဇွန်လ ၁၂ ရက်နေ့ မနက်က ချင်းတွင်းမြစ်အတွင်းမှာ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားတွေလိုက်ပါတဲ့ စက်လှေအနီးနားက အမြန်ရေယာဉ်နှစ်စင်း ဖြတ်သွားရာကနေ ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးရိုက်ခတ်ကာ အခုလို တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

မင်းကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်သန်းက “ဒီရွာက ကလေး ၈၀ ကျော်လောက်က ရွာမှာ ကျောင်းမရှိလေတော့ တဖက်ကြွေရွာကို ကျောင်းတက်ဖို့ ရေကြောင်းကိုပဲ အားကိုးပြီး စက်လှေနဲ့ နေ့စဉ်ဆိုသလို သွားတက်ရတာ။ အခု မှောက်သွားတာကို ကမ်းဘေးက လူတွေက လှမ်းမြင်လိုက်လို့ တယောက်မှ အသေပျောက်မရှိဘဲ ကယ်နိုင်တာပါ။ ဘေးနား ဖြတ်သွားတဲ့ အမြန်ရေယာဉ် ၂ စင်းက လမ်းခရီးသည် တင်ချင်တာနဲ့ အရှိန်နဲ့ အလုအယက် ပြိုင်မောင်းသွားတော့ လှိုင်းက စက်လှေကို လာရိုက်ရင်း လိမ့်မှောက်ချသွားတာ။ တရွာလုံး ထွက်ကယ်လို့တာပေါ့၊ တယောက်ယောက်ကသာ လှမ်းမမြင်လိုက်ရင် ဒီကလေးတွေ မတွေးဝံ့စရာပဲ။ ရေက တက်နေတဲ့အချိန် ဖြစ်နေတယ်”လို့ ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်မှာ ကျောင်းသားကလေးငယ် ၂၀ နီးပါး ပါရှိပြီး အထိအခိုက် အသေအပျောက်မရှိဘဲ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဇွန် ၆ ရက်နေ့က စတင်ကာ မြင့်တက်နေပြီး အခုလို မင်းကင်း ကျေးရွာငယ်တချို့မှာ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်း မရှိသေးတာကြောင့် မြစ်တဖက်ကမ်းရှိ အုပ်စုကျေးရွာတွေဆီကို ရေကြောင်းနဲ့ နေ့စဉ် ကျောင်းတက် ကျောင်းပြန် ပြုလုပ်နေရတာပါ။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013