DVB Logo
Home
မြန်မာသတင်း
အမျိုးသားရေးကိစ္စ ရဟန်းရှင်လူပြည်သူများစိတ်ပူနေသဖြင့်ဖြေရှင်းပေးရန် ကြံ့ခိုင်ရေးတောင်းဆို
DVB
·
June 13, 2017
အမျိုးသားရေးကိစ္စ ရဟန်းရှင်လူပြည်သူများစိတ်ပူနေသဖြင့်ဖြေရှင်းပေးရန် ကြံ့ခိုင်ရေးတောင်းဆို
Donate to DVB

 

လက်ရှိမြန်မာနိုင်ငံမှာ အမျိုသားရေးနဲ့ ပတ်သက်ပြီး ရဟန်းရှင်လူ ပြည်သူတွေ အရမ်း စိတ်ပူနေတဲ့အတွက် အန်အယ်လ်ဒီအစိုးရအနေနဲ့ ပြေလည်အောင် အမြန်ဆုံး ပြန်လည်ဖြေရှင်း ပေးဖို့လိုတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ဇွန်လ ၁၂ ရက်က  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးရုံးမှာ ပြုလုပ်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့  ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် လွှတ်တော်ကိုယ်စား လှယ်ဟောင်းတွေ (အောက်မြန်မာပြည်) တွေ့ဆုံပွဲအပြီး သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မဘသအဖွဲ့တွေ ဘာသာရေးကိစ္စတွေ အမျိုးသားရေးကိစ္စတွေ လှုပ်ရှားတာကို ဒီမိုကရေစီယဉ်ကျေးမှုနဲ့ ရှင်သန်မှုကို ထိခိုက်မှာစိုးတဲ့အတွက် ဦးသိန်းစိန်အစိုးရလက်ထက်က ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခု အန်အယ်လ်ဒီအစိုးရလက်ထက်မှာ (မဘသ) ဆက်လက်ထားရှိရေး၊ ဖျက်သိမ်းရေးကိစ္စဟာ လက်ရှိအစိုးရရဲ့ မူဝါဒသာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

မဘသအဖွဲ့ဝင် ပုဂ္ဂိုလ်တွေအနေနဲ့ မဘသ အမည်မသုံးစွဲဖို့နဲ့ မြန်မာတနိုင်ငံလုံးမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင် ၁၅ ရက်နေ့အပြီး ဖြုတ်သိမ်းဖို့  သံဃမဟာနာယကအဖွဲ့က ပြီးခဲ့တဲ့မေလမှာ ကြေညာထားတာပါ။

မလိုက်နာတဲ့ ရဟန်းတွေကို  သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂ဝ/၉ဝ နဲ့ အရေးယူဖို့၊ လူပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင် သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့ အရေးယူဖို့နဲ့ ဒီဆုံးဖြတ်ချက်တွေအတိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013