DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ် စည်ပင်ရွေးကောက်ပွဲကော်မရှင်ကို ဒေသခံများ ဆန္ဒပြ
DVB
·
June 13, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စည်ပင်ရွေးကောက်ပွဲကော်မရှင် အားနည်းပြီး ဥပဒေကို ကျော်လွန်လုပ်ဆောင်တာတွေ ရှိတယ်လို့ဆိုကာ ဒေသခံအင်အား ၁၀၀ နီးပါး ဇွန် ၁၂ ရက်နေ့ မနက် ၁၀ နာရီက ကျောက်တံခါးမြို့နယ်အတွင်းနဲ့ ဌာနဆိုင်ရာ ရုံးပေါင်းစုံရှေ့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူ ကိုအောင်နိုင်က “ဒေသခံ ဆန္ဒပြ ပြည်သူ ကျောက်တံခါးမြို့နယ် ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်က ရေးဆွဲတဲ့ စည်ပင်နည်းဥပဒေဟာ အားနည်းချက် များစွာ ရှိပါတယ်။ ဒါကို ကျောက်တံခါးမြို့နယ် စည်ပင်ကော်မရှင်က အသုံးချပြီး မြို့နယ်စည်ပင် ကော်မတီလောင်း ၆၅ ဦးကို ရွေးချယ်တင်မြှောက်ထားတဲ့ ကော်မတီဝင်လောင်းတွေကို နည်းဥပဒေအရ ၁ သိန်းနဲ့ ပုံစံခနဲ့ ကန့်ကွက်သူမရှိဘဲ မိမိတို့ သဘောဆန္ဒအရ မြို့နယ်ကော်မရှင် က ပယ်ထုတ်ခဲ့တာ့ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုတောက် က “မြို့နယ်စည်ပင်ကော်မရှင် ဖျက်သိမ်းရေး စည်ပင် မြို့နယ်အမှု့ဆောင်အရာရှိ တာဝန်မှ ရပ်စဲပေးရေး၊ ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်း ပေးရေးတို့ကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် မြို့နယ်အဆင့်အောက်ခြေက လုပ်ပိုင်ခွင့် ကျော်လွန် လုပ်ဆောင်တဲ့အတွက် မြို့ခံပြည်သူများက မခံမရပ်ဖြစ်ကာ လမ်းပေါ်တက် ဆန္ဒပြရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ‘မြို့နယ်စည်ပင်ကော်မတီ ရွေးချယ်ရေးအဖွဲ့ ဖျက်သိမ်းပေးရေး ဒို့အရေး၊  စည်ပင်နည်းဥပဒေကို ကျော်လွန်ဘက်လိုက် ဆောင်ရွက်သော စည်ပင်အမှုဆောင် အရာရှိအား တာဝန်မှ ရပ်စဲပေးရေး  ဒို့အရေး၊ မြို့နယ် စည်လုံးညီညွတ်မှုကို ပျက်ပြားစေသော ကော်မရှင်နှင့် ရွေးချယ်ကြီးကြပ်မှုအဖွဲ့အား ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲစည်းပေးရေး ဒို့အရေး’ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။

ကျောက်တံခါးမြို့နယ် စည်ပင်ကော်မတီလောင်းရွေးချယ်ပွဲကို မေ ၂၅ ရက်နေ့က ကျင်းပခဲ့ ပြီး စည်ပင်ကော်မတီလောင်းရွေးချယ်ပွဲအတွက် ကော်မတီလောင်းနောက်ဆုံး လက်ခံမယ့်ရက်ကို ကျော်လွန်ကာ လက်ခံရွေးချယ်ပြီး ကော်မတီလောင်းကို သတ်မှတ်စည်ကမ်းကမ်းနဲ့ ညီညွတ်မှု မရှိဘဲ ဖြုတ်ချခဲ့တဲ့အတွက် ဒေသခံတွေက မကျေနပ်တာကြောင့် အခုလိုဆန္ဒပြ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြပွဲကို ကျောက်တံခါးမြို့လွတ်လပ်ရေးကျောက်တိုင်ရှေ့က စတင်ကာ မြို့တွင်းရှိ ဌာနဆိုင်ရာရုံးတွေရှိရာ လှည့်လည် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013