DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အသစ်ပြန်လည်ဖွဲ့စည်း
DVB
·
June 13, 2017
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အသစ်ပြန်လည်ဖွဲ့စည်း
Donate to DVB

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို  အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီလို့ အစိုးရအဖွဲ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ၁၁ ဦးကနေ ၁၃ ဦးအထိ တိုးချဲ့ သတ်မှတ်ပေးခဲ့ပြီး တော့ ထူးခြားချက်အနေနဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါဝင်လာတာပါ။

ဥက္ကဋ္ဌအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် စီးပွား/ကူးသန်း ဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ အတွင်းရေးမှူးကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး စတဲ့ အရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်တွေက ဆက်လက် ဦးဆောင်ပါဝင်နေပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ၂၀၁၆ ခုနှစ်မှာ ပြင်ဆင်ရေးဆွဲခဲ့ပြီးတော့ ၂၀၁၇ ခုစ်မှာ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ အခု အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာသန်း ၃၀၀၀ ၀န်းကျင်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013