DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်က အခွင့်​ထူး​ခံ​တွေကို အကျိုး​ပြုတာမဖြစ်ဖို့​ ကမ္ဘာ့​ဘဏ်ကို သတိ​ပေး
DVB
·
February 14, 2012
မြန်မာပြည်က အခွင့်​ထူး​ခံ​တွေကို အကျိုး​ပြုတာမဖြစ်ဖို့​ ကမ္ဘာ့​ဘဏ်ကို သတိ​ပေး
Donate to DVB

မြန်မာပြည်ကိစ္စနဲ့​ပတ်သက်လို့​ ကမ္ဘာ့​ဘဏ်က ထိပ်တန်း​ခေါင်း​ဆောင်​တွေ မကြာခင်မှာ ​ဆွေး​နွေး​ဆုံး​ဖြတ်ကြဖို့​ ရှိ​နေတဲ့​အချိန်မှာ ကမ္ဘာ့​ဘဏ်ရဲ့​ အကူအညီဟာ မြန်မာပြည်က အခွင့်​ထူး​ခံ​တွေကို အကျိုး​ပြုတာ မဖြစ်ဖို့​ အ​မေရိကန်ပြည်​ထောင်စု နယူး​ယောက်မြို့​အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​ အဖွဲ့​က သတိ​ပေး​လိုက်ပါတယ်။

မ​နေ့​က ​ပေး​ပို့​တဲ့​ အိတ်ဖွင့်​ပေး​စာမှာ မြန်မာပြည်က ပဋိပက္ခဖြစ်​နေတဲ့​ဒေသ​တွေမှာ ဖွံ့​ဖြိုး​ရေး​အကူအညီ အ​ရေး​တကြီး​ လိုအပ်​နေတဲ့​အချိန်မှာ အစိုး​ရနဲ့​ နီး​စပ်လို့​ အခွင့်​ထူး​ရ​နေတဲ့​ စီး​ပွား​ရေး​သမား​တွေပဲ စီး​ပွား​ရေး​အရ ​နောက်ထပ် အကျိုး​အမြတ်ရတာမျိုး​ မဖြစ်ဖို့​ လိုတယ်လို့​ သတိ​ပေး​လိုက်တာပါ။

ပဋိပက္ခဖြစ်တဲ့​ဒေသ​တွေက ဖွံ့​ဖြိုး​ရေး​အစီအစဉ်​တွေကို ပွင့်​လင်း​မြင်သာမှုရှိရှိ၊​ တာဝန်ခံမှုရှိရှိ နဲ့​ ​ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်မှာ စစ်မှန်တဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ ဖြစ်ဖို့​အတွက် လွယ်ကူ​ချော​မွေ့​စေမယ်လို့​ လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​ အဖွဲ့​က ဆိုပါတယ်။

မြန်မာ့​အစိုး​ရက ကမ္ဘာ့​ဘဏ်က ​ချေး​ငွေကို ပြန်မဆပ်တဲ့​နောက် ၁၉၈၇ ခုနှစ်ကတည်း​က မြန်မာပြည်ကို ဘဏ္ဍာ​ရေး​အကူအညီ​တွေ ဖြတ်​တောက်ထား​တာပါ။ ကုလသမဂ္ဂရဲ့​ လူသား​ဖွံ့​ဖြိုး​မှုအညွှန်း​ကိန်း​အရ မြန်မာပြည်ဟာ နိုင်ငံ​ပေါင်း​ ၁၈၇ နိုင်ငံမှာ ​အောက်ဆုံး​နား​က အဆင့်​ ၁၄၇ မှာ ရှိပါတယ်။

မြန်မာပြည်ဟာ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ် အပါအဝင်၊​ နိုင်ငံတကာ အစိုး​ရ​တွေကို ပြန်ဆပ်ရမယ့်​ အ​ကြွေး​ အ​မေရိကန်​ဒေါ်လာ ၁၁ ဘီလီယံ ကျန်ရှိ​နေပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့​ဘဏ်ကိုလည်း​ သန်း​ရာ​ပေါင်း​များ​စွာ ​ပေး​စရာ ကျန်​နေတယ်လို့​ စီး​ပွား​ရေး​အ​ကြောင်း​ အသား​ပေး​ရေး​တဲ့​ ​ဝေါ(လ်)စထရိဂျာနယ် (The Wall Street Journal) က ဆိုပါတယ်။

ပြီး​ခဲ့​တဲ့​အပတ်က အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်က အ​မေရိကန်ရဲ့​ မြန်မာပြည်အ​ပေါ် ပိတ်ဆို့​ထား​မှုတချို့​ကို လက်မှတ်ထိုး​ ရုပ်သိမ်း​တဲ့​နောက်မှာ နိုင်ငံတကာ​ငွေ​ကြေး​ အဖွဲ့​အစည်း​ဆီက​နေ အကူအညီ​တွေ ပြန်ရနိုင်တယ်လို့​ ခန့်​မှန်း​ချက်​တွေ ထွက်​ပေါ်​နေပါတယ်။

ဒါ​ပေမယ့်​ ကမ္ဘာ့​ဘဏ်ရဲ့​ ဒီဇင်ဘာလအတွင်း​က ထုတ်ပြန်ချက်မှာလည်း​ မြန်မာပြည်က စီး​ပွား​ရေး​ ပွင့်​လင်း​လာဖို့​၊​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​လာဖို့​၊​ ပြည်သူ​တွေရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ တိုး​တက်လာဖို့​ လုပ်​ဆောင်စရာ​တွေ များ​စွာရှိ​နေ​ပေမယ့်​ ကမ္ဘာ့​ဘဏ်က ​ကြွေး​သစ် ​ချေး​ပေး​နိုင်ဖို့​ဆိုရင်​တော့​ ​ကြွေး​ဟောင်း​ကိစ္စ အရင်ရှင်း​ပြီး​မှပဲ ဖြစ်နိုင်မယ်လို့​ ဆိုထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013