DVB Logo
Home
မြန်မာသတင်း
တရားစွဲခံရသူ အမျိုးသမီး ၁ ဦး နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှူးရုံးကို ဆန္ဒပြ
DVB
·
June 13, 2017
Donate to DVB

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှူးရုံးမှ ငွေချေးစာချုပ်မှာ လက်ဗွေ လက်မှတ် ၂ ခု ကို မှားယွင်းစွာ စစ်ဆေးအတည်ပြုခဲ့တဲ့အတွက် နေပြည်တော်မှာ ဇွန်လ ၁၂ ရက်နေ့က တရားစွဲခံရသူ အမျိုးသမီးက ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူ ဒေါ်သဉ္ဇာမောင်မောင်က “ကျမ လက်မှတ်မဟုတ်ဘူး။ စာချုပ်အတုနဲ့ တရားစွဲဆို ခံထားရတဲ့ ကိစ္စမှာ ဒီလက်ဗွေ လက်မှတ်နှစ်ခုဟာ ကျမလက်မှတ် မဟုတ်ဘူး။ အဲဒီလက်ဗွေ လက်မှတ် နှစ်ခုကို CID ကို စစ်ဆေးခွင့်တောင်းခဲ့တယ်။ ကျမ စီအိုင်ဒီကို စစ်ဆေးခွင့်တောင်းခဲ့တဲ့ နေရာမှာ ကျမ လက်ဗွေလက်မှတ် မဟုတ်တဲ့ဟာရော ကျမလက်ဗွေလက်မှတ် ဟုတ်တဲ့ဟာရော နှစ်ခုကို စစ်ဆေးတာကို နှစ်ခုလုံး တူပါတယ်ဆိုပြီးတော့ မတရားမှုတခု လုပ်ခဲ့တာပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ စီအိုင်ဒီကို ပြည်သူတွေသိအောင် စီအိုင်ဒီဌာနက ဒီလိုပါဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။

ဆန္ဒပြသူ ဒေါ်သဉ္ဇာမောင်မောင်ဟာ ဖခင် နေမကောင်းတဲ့အတွက် ငွေကျပ် သိန်း ၁၀၀ ကို ချေးယူခဲ့ပြီး စာချုပ်လွတ်တရွက်ပေါ်မှာ လက်မှတ်နဲ့ လက်ဗွေ ရေးထိုးပေးခဲ့တယ်လို့ ပြောပါတယ်။

“ကျမအဖေ နေမကောင်လို့ ငွေကျပ် သိန်း ၁၀၀ ချေးယူခဲ့ပါတယ်။ အတိုးလည်း လစဉ် ပုံမှန် ပေးခဲ့တယ်။ နောက်ပိုင်း ကလေးတဖက်နဲ့ဆိုတော့ အတိုးမသွင်းနိုင်ခဲ့တော့တဲ့အချိန်မှာ ခြံပေါင်ပြီးတော့မှ ငွေကျပ် သိန်း ၁၀၀ ချေးခဲ့တယ်ဆိုပြီး တရားစွဲတယ်။ ပြီးတော့ ကျမလက်မှတ် လက်ဗွေထိုးထားတဲ့စာချုပ်မှာ ရေးချင်တာ ရေးပြီးတော့ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေနဲ့ ပေါင်းပြီးတော့ စာချုပ်အတုလုပ်တယ်။ နောက်ထပ်တခုမှာလည်း ရေးချင်တာတွေ ရေးပြီးတော့ ကျမလက်မှတ်ရော လက်ဗွေရော အတုလုပ်တယ်။ ပြီးတော့ တရားရုံးမှာ တရားစွဲတယ်။ ငွေ ကျပ်သိန်း ၂၅၀ ရယူလိုမှုနဲ့ပေါ့။”

လက်ရှိမှာ ဒေါ်သဉ္ဇာမောင်မောင်ဟာ ငွေကျပ် သိန်း ၂၅၀ ချေးငွေ ပြန်လည်မပေးဆပ်မှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013