DVB Logo
Home
မြန်မာသတင်း
အလုပ်သမားခေါင်းက ပန်းရန် မိန်းကလေးကို အဓမ္မပြုကျင့်
DVB
·
June 13, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြည်ညောင်ရွာမှာ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အလုပ်သမားခေါင်းက ပန်းရန်အလုပ်လုပ်တဲ့ မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ယင်းမာပင်ရွာ ရဲစခန်းက ပြောပါတယ်။

ယင်းမာပင်ရွာ စခန်းမှူး ရဲအုပ်တင်ထွန်းနိုင်က “ညနေ ၅ နာရီ အလုပ်သိမ်းတယ်။ အလုပ်လုပ်ရာ အသုံးပြုတဲ့ ပစ္စည်းတွေကို လုပ်သားခေါင်း ကိုဝင်းနိုင်အိမ်မှာ သိမ်းရတယ်။ ဇွန်လ ၁၁ ရက်နေ့ ညနေမှာ နောက်ဆုံးမှ ပစ္စည်းလာထားတဲ့ မမာဦးကို  လုပ်သာခေါင်းက အိပ်ခန်းထဲ ဆွဲခေါ်ပြီး အဓမ္မ ၁ ကြိမ် ပြုကျင့်ခဲ့တယ်လို့ အိမ်ရောက်တော့ အဘွားကို ပြောပြပြီး ဒီနေ့မှ အမှုလာဖွင့်တယ်” လို့ ပြောပါတယ်။

အဲဒီမိန်ကလေးက တရားလို လုပ်ပြီး အမှုလာဖွင့်တယ်လို့ ယင်းမာပင်ရွာ ရဲစခန်းက ပြောပါတယ်။

သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းမှာ အမှုအမှတ် (ပ)၂၈/၂၀၁၇ အလိုမတူဘဲ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီး အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013